လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ်က ကလော့ပ်၏နေရာကိုဆက်ခံမည့် လီဗာပူးလ်နည်းပြ အာနယ်ဆလော့အား ၎င်း၏ပုံစံအတိုင်းလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ဘင်နီတက်ဇ်သည် လီဗာပူးလ်အသင်းကို ၂၀၀၅ တွင် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သူဖြစ်သည်။
ကလော့ပ်၏အောင်မြင်မှုများကြောင့် ၎င်း၏နေရာကိုဆက်ခံသည့် ဆလော့မှာ ဖိအားများမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ယခုအခါ ဘင်နီတက်ဇ်က ''ဆလော့ကို ကျွန်တော် အကြံပေးချင်တာကတော့ အသင်းနဲ့ မြို့ရဲဲ့ယဉ်ကျေးမှုကို လေ့လာပြီး ကိုယ့်လုပ်နေကျပုံစံအတိုင်း လုပ်ဆောင်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါကို သူ နားလည်ရင် လီဗာပူးလ်အသင်းမှာ သူ အဆင်ပြေပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
ကိုယ့်ပုံစံအတိုင်းလုပ်ရန် ဆလော့ကို ဘင်နီတက်ဇ် တိုက်တွန်း
Most Read
Most Recent
12 hours ago
13 hours ago