၂-၇-၂အခင်းအကျင်းကို မော့တာက ၂၀၁၈ ခုနှစ်၊ PSG ယူ-၁၉ နည်းပြဘဝမှာကတည်းက ကျင့်သုံးလာပါတယ်။ မော့တာရဲ့ခံယူချက်က ဂိုးသမားက ကွင်းလယ်လူလိုကစားနိုင်ရမယ်ဆိုတာပဲ။ ပြီးတော့ တိုက်စစ်မှူးဟာ ပထမဆုံးခံစစ်ကစားသမား၊ ဂိုးသမားဟာ ပထမဆုံး တိုက်စစ်ကစားသမားလို့ မော့တာယူဆထားတယ်။ ဂိုးသမားကနေစတင်မယ့် တိုက်စစ်၊ ဘောလုံးဆုံးရှုံးသွားချိန်မှာ တိုက်စစ်ကစားသမားတွေ ပူးပေါင်းပါဝင်ရမယ့် ခံစစ်ဆိုပြီး သူ့အသင်းကို ညွှန်ကြားထားပါတယ်။ လက်ရှိရာသီဥရောပထိပ်တန်းလိဂ်တွေမှာ ဘိုလော့ဂ်နာရဲ့ ခံစစ်တည်ဆောက်ပုံဟာ အားအကောင်းဆုံးတစ်ခု ဖြစ်နေတယ်။ Chance Prevention တွေ သိပ်ပြီးကောင်းမွန်နေတယ်။ ဘောလုံးလောကရဲ့အခြေခံဥပဒေဖြစ်လာတဲ့ ခံစစ်ကနေ ကစားကွက်ပြန်လည်စတင်ခြင်း ဗျူဟာကို မော့တာလည်း လိုက်နာပါတယ်။ မန်စီးတီးမှာ ဂျွန်စတုန်းစ် ကွင်းလယ်တက် ကစားသလိုမျိုး သူ့ရဲ့ဗဟိုခံစစ်ကစားသမားတွေ စွမ်းဆောင်နိုင်အောင် မော့တာလမ်းပြပေးထားတယ်။
၂-၇-၂ မော့တာနဲ့ ဘိုလော့ဂ်နာတစ်ခေတ်ဆန်းချိန်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။