အိန္ဒိယနိုင်ငံတွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့်ခန်းနှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း၌ ပါဝင်ခဲ့သည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံတွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့်ခန်းနှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း၌ ပါဝင်ခဲ့သည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Published 7 March 2024

အိန္ဒိယနိုင်ငံ၊ Visakhapatnam  မြို့၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့် ခန်း (MILAN-2024) နှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း ((6th IMNEX) သို့ ပါဝင်တက်ရောက်ခဲ့သည့် တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်ဦး ဦးဆောင်သော စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါနိုင်ငံတကာရေတပ်လေ့ကျင့်ခန်း (MILAN-2024) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန် မာနိုင်ငံမှ စစ်ရေယာဉ် (ဆင်ဖြူရှင်) အပါအ ဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၁၃ စင်းနှင့် ကင်းထောက်လေယာဉ် တစ်စင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ်  International Maritime Seminar သို့ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့်အတူ တက်ရောက် ခြင်း၊ ှ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ MILAN Young Officer Interaction အစီ အစဉ်တွင် အရာရှိငယ်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း  ၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊  MILAN Village ၌ နိုင်ငံတကာယဉ်ကျေးမှု ပြပွဲတွင် ကပြဖျော်ဖြေခြင်းနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓ ဂါယာနှင့် တာ့ချ်မဟာ Taj Mahal) သို့ သွား ရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက် အထိ ဆောင်ရွက်ခဲ့သည့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း (6th IMNEX) တွင် ဆိပ်ကမ်းအခြေပြု လေ့ ကျင့်ခန်းများဆောင်ရွက်ခြင်း၊ စစ်ရေယာဉ် များ အပြန်အလှန်လေ့လာခြင်း၊ အိန္ဒိယစစ်ရေ ယာဉ် INS Kamorta (P 28) နှင့်ပူးပေါင်း၍ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ် (ဆင်ဖြူရှင်) ဖြင့် ယခုသွား ရောက်ခဲ့သည့် ခရီးစဉ်အသွားအပြန်သည် စုစုပေါင်း ရေမိုင် ၂၆၅၀ မိုင်ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ သည့် စစ်ရေယာဉ် (ဆင်ဖြူရှင်) အား အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) ရေတပ် လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူး ချုပ် ထွန်းလူနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။