မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အင်ဒိုနီးရှား ခြေစမ်းခရီးစဉ်အတွက် အပြီးသတ်ကစားသမား ရွေးချယ်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အင်ဒိုနီးရှား ခြေစမ်းခရီးစဉ်အတွက် အပြီးသတ်ကစားသမား ရွေးချယ်
Photo: MFF
Photo: MFF
Published 29 January 2024

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်သည် ဇန်နဝါရီ ၂၉ ရက်က အင်ဒိုနီးရှား ခြေစမ်းခရီးစဉ်အတွက် အပြီးသတ်ကစားသမား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်မှစ၍ ပဏာမကစားသမား ၂၄ ဦဖြင့် လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှား ခြေစမ်းခရီးစဉ်အတွက် အပြီးသတ်ကစားသမား ၁၉ ဦး ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ခြေစမ်းပွဲ သုံးပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent