လီဗာပူးလ်အသင်းနည်းပြ ဂျရတ်ဟူလီယေးက သူ့ကို ကမ်းလှမ်းပြန်တယ်။ ဒါပေမဲ့ မန်ဒက်စ်တောင်းတဲ့ လစာငွေက မဖြစ်နိုင်ဘူးဆိုပြီး အပြောင်းအရွှေ့ပျက်တယ်။ ဘာစီလိုနာအသင်းကလည်း လိုချင်တဲ့အထဲမှာပါတယ်။ ဒါပေမဲ့ သူတို့က ကွာရက်စ်မာကို ရွေးသွားတယ်။ ကွာရက်စ်မာက နည်းနည်းလေး အသက်ပိုကြီးပြီး၊ အတွေ့အကြုံပိုရင့်တာကို ဘာစီလိုနာက သဘောကျလို့ပါ။ နောက်တစ်ချက်ကတော့ အဲဒီအချိန်မှာ ပေါ်တူဂီက လူတွေက ကွာရက်စ်မာက ပိုကောင်းတယ်ဆိုတဲ့အမြင်လည်း ရှိတယ်။ စပို့တင်းလစ္စဘွန်းရဲ့ ကင်းထောက်ချုပ်လည်းဖြစ်၊ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ မီဒီယာတာဝန်ခံလည်းဖြစ်တဲ့ အော်ရယ်လီယိုပါရဲရားက "ကျွန်တော် မကြာသေးခင်ကပဲ ကွာရက်စ်မာကို လေ့ကျင့်ရေးကွင်းမှာ တွေ့ခဲ့သေးတယ်။ နောက်နေ့ကျတော့ သူက မယုံနိုင်စရာ ကစားသမားဖြစ်နေပြီ"လို့ ပေါ်တူဂီယူ-၁၇ အသင်းရဲ့ ပွဲစဉ်တစ်ပွဲအပြီးမှာ ချီးကျူးခဲ့တယ်။
■ ရော်နယ်လ်ဒို သို့မဟုတ် ထာဝရရှင်သန်သူ (၂)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။