ရီးယဲလ်နှင့် ဖလားအားလုံး ရယူလိုသည်ဟု ဘယ်လင်ဟမ် ဆို

ရီးယဲလ်နှင့် ဖလားအားလုံး ရယူလိုသည်ဟု ဘယ်လင်ဟမ် ဆို
Photo: Getty Images
Photo: Getty Images
Published 4 January 2024

ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က မိမိအနေဖြင့် အသင်းနှင့် ဖလားအားလုံးကို ရယူလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၁၃၃.၉)သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် ရီးယဲလ်အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြကာ ဂိုးများသွင်းယူနေသည့်အတွက် Ballon d'Or ရမည်ဟုလည်း ထင်ကြေးပေးခံနေရသည်။

ဘယ်လင်ဟမ်က ''နေ့တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ရီးယဲလ်ကို လာရတဲ့ရည်ရွယ်ချက်က အသင်းနဲ့အတူ ဆုဖလားအားလုံးကို အကြိမ်ပေါင်း မြောက်မြားစွာ ရယူဖို့ပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တိုင်း၊ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတိုင်းဟာ ဆုဖလားတွေနဲ့ ဆက်စပ်နေတာပါ''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent