အယ်လ်နာဆာအသင်းနည်းပြ လူးဝစ်ကက်စထရိုသည် အသင်းကစားသမားများကို (၁၅)ရက် နားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်သည် ဆော်ဒီလိဂ်ရာသီဝက်ကာလ ရပ်နားထားခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလမှသာ ကလပ်ပွဲစဉ်များ ပြန်လည်ကစားရမည်ဖြစ်သည်။
အယ်လ်နာဆာအသင်းသည် ယခုရာသီအတွင်း ဆော်ဒီပရိုလိဂ်အပြင် အာရှချန်ပီယံလိဂ်ဖလား၊ ဆော်ဒီဘုရင့်ဖလားစသည့် ပြိုင်ပွဲ(၃)ရပ် ယှဉ်ပြိုင်နေရသဖြင့် ရာသီဝက်ကာလတွင် ကစားသမားများအား အနားယူချိန် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။