■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 29 December 2023

လူတန် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၇:၀၀ နာရီ)

ချယ်လ်ဆီးက အသင်းကြီး၊ လူတန်က အသင်းငယ်ဆိုတဲ့ အမြင်နဲ့ ကြည့်လို့မရတဲ့ အခြေအနေဖြစ်နေပြီ။ လူတန်က နယူးကာဆယ်ကို အိမ်ကွင်းမှာနိုင်ပြီး၊ ရှက်ဖီးကို အဝေးကွင်းမှာ နိုင်တယ်။ အာဆင်နယ်၊ မန်စီးတီးတို့ကို အကြိတ်အနယ်ကစားခဲ့တယ်။ ဒီစုဖွဲ့မှုက ချယ်လ်ဆီးကို ကြောက်လန့်နေစရာမလိုတဲ့ စုဖွဲ့မှုနဲ့ ကစားပုံမျိုးဖြစ်တယ်။ လူတန်ကိုပဲ ကြိုက်တယ်။ 



အက်စတွန်ဗီလာ - ဘန်လေ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၉:၃၀ နာရီ)

အက်စတွန်ဗီလာက ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေရာကနေ ရှက်ဖီးကို မထင်မှတ်ပဲ သရေကစားခဲ့သလို၊ မန်ယူနိုက်တက်ကိုလည်း ရှုံးပွဲတွေ့ခဲ့တယ်။ အသင်းလိုက် ခြေစွမ်းကောင်းမွန်မှုအပေါ် မေးခွန်းထုတ်စရာမရှိပေမဲ့ ရလဒ်တွေ ယိုင်လာရင် ခြေစွမ်းကိုပါ ထိခိုက်မလား ကြည့်ရမယ်။ ဘန်လေက ခြေမညံ့ပေမဲ့ ရလဒ်ညံ့နေဆဲပါပဲ။ ဒါကြောင့် ဗီလာပဲ အနိုင်ယူသွားလိမ့်မယ်။ ဒါပေမဲ့ ဂိုးပြတ်သွားမယ့်ပွဲလို့တော့ မထင်မိဘူး။ 



ခရစ္စတယ်ပဲလေ့စ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၉:၃၀ နာရီ)

ပဲလေ့စ်က အရမ်းအထင်ကြီးလို့မရတဲ့အသင်းဆိုရင်တောင် အရမ်းအထင်သေးလို့ မရတဲ့အသင်းလည်း ဖြစ်နေတယ်။ ပြီးတော့ ဒီအသင်းက ခြေရူးလို့ ပြောရမယ့် အသင်းမျိုးဖြစ်ပြီး ကောင်းချင်ရင် ဘယ်အသင်းကိုမဆို အကြီးအကျယ် ထိုးနှက်တတ်တယ်။ ညံ့ချင် ရင်လည်း ဘာမှ မဟုတ်ပဲ ထရှုံးနေတာမျိုး။ ဘရန့်ဖို့ဒ်ကလည်း ခြေကကျနေပါတယ်။ ခြေမငြိမ်တဲ့ နှစ်သင်း သရေဆီကိုပဲ ဦးတည်ပါတယ်။ 



မန်စီးတီး - ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၉:၃၀ နာရီ)

မန်ချက်စတာစီးတီးအသင်းရဲ့ လက်ရှိခြေစွမ်းကို အကောင်းဆုံးအချိန်လို့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ မန်စီးတီးက မန်စီးတီးပဲ။ အကောင်းဆုံးပုံစံမဟုတ်လည်း ဒီအသင်းက တော်တော်လေးကောင်းပါတယ်။ ပြီးတော့ အခြေအနေဆိုးတွေကြုံခဲ့ရင်တောင် သူတို့ မဟုတ်သလို ပြန်ပြန်ထလာနိုင်တဲ့အသင်းမျိုးဖြစ်ပြီး ရှက်ဖီးဆိုတာ မန်စီးတီးအတွက် ဘာမှ အခက်အခဲမရှိပါဘူး။ ဂိုးပြတ်သွင်းမှာပါ။ 



ဝုလ်ဗ် - အဲဗာတန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၉:၃၀ နာရီ)

အဲဗာတန်ရဲ့ ခြေစွမ်းက အကြမ်းထည်ကောင်းတာမဟုတ်တော့ပဲ အဆင့်အတန်းရှိရှိ ကောင်းတာမျိုးတော့ ဖြစ်လာတာကို တွေ့ရတယ်။ အဲဗာတန်ရဲ့ ခံစစ်နဲ့ ကွင်းလယ် က စားပုံတော်တော်လေး ကောင်းလာပြီး အထောင်တိုက်စစ်မှူး တစ်ဦးတည်းနဲ့ ပြိုင်ဘက်တွေကို ထိုးနှက်ပုံကလည်း ထူးခြားတယ်။ ဝုလ်ဗ်ကလည်း အသင်းလိုက်ညီပြီး ဂိုးမရတတ်တဲ့ ပုံစံပါပဲ။ အဲဗာတန်ကို ကြိုက်တယ်။ 



နော်တင်ဟမ်ဖောရက်စ် - မန်ယူ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၁၂:၀၀ နာရီ)

အက်စတွန်ဗီလာကို အံ့အားသင့်စရာပုံစံနဲ့ ပြန်အလဲထိုး အနိုင်ယူခဲ့တဲ့ မန်ယူနိုက်တက် ဒီတစ်ပတ်ဘယ်လို ဖြတ်သန်းမလဲ၊ ဘယ်လိုရလဒ်ကြုံမလဲဆိုတာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အရာဖြစ်နေတယ်။ နော်တင်ဟမ်အသင်းကလည်း နယူးကာဆယ်ကို မထင်မှတ်ပဲ ဂိုးပြတ်အနိုင်ယူခဲ့တဲ့အသင်းဖြစ်နေပြီး မန်ယူနိုက်တက်လိုပဲ တန်ပြန်တိုက်စစ် ပလန်ကောင်းကောင်းရှိတယ်။ မန်ယူနိုင်ဖို့တော့ များတယ်။ 

Most Read

Most Recent