ဒီဇင်ဘာ (၁၆)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) နယူးကာဆယ် (၃-၀) ဖူလ်ဟမ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၅၇)မိနစ်မှာ ဂီမာရေ့စ်ရဲ့ ဖန်တီးပေးမှုကနေ လူငယ်ကွင်းလယ်လူ လူးဝစ်မိုင်လီကသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ နယူးကာဆယ်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲအတွက် အရေးပါတဲ့ခြေလှမ်းအစဖြစ်ခဲ့ပြီး မိုင်လီဟာလည်း ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးသောသွင်းဂိုးနဲ့အတူ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့ စောင့်ကြည့်ရေဒါထဲ ရောက်ရှိလာခဲ့ပါတယ်။ ပိုပြီးချီးကျူးစရာကောင်းတာက မိုင်လီရဲ့ အသက် (၁၇)နှစ်၊ (၂၂၉)ရက်ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်ဖြစ်ပြီး ဒီသွင်းဂိုးကြောင့် မိုင်လီဟာ နယူးကာဆယ်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပရီးမီးယားလိဂ်ဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်ရှိခဲ့သလို၊ မန်ယူတိုက်စစ်မှူးဟောင်း မာချီဒါ (၁၇ နှစ်၊ ၂၂၆ ရက်/၂၀၀၉ ခုနှစ်) နောက်ပိုင်း (၁၄)နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ငှက်ကျားတို့ရဲ့ အနာဂတ်အသစ် လူးဝစ်မိုင်လီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















