ရန်ကုန်မြို့လယ်ရှိ ဆိပ်ကမ်းများသို့ ဝင်ရောက်နေသည့် ကုန်သေတ္တာများ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ လှိုင်သာယာသို့ သွားနေပြီး ကျန်ရာခိုင်နှုန်း ၃၀ မှာ အခြားနေရာများသို့ သွားရောက်နေကာ အဆိုပါ ကုန်သေတ္တာတင်ယာဉ်များ ဝင်ထွက်နေမှုမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်စေသည့် အချက်တစ်ခု ဖြစ်သဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသည် ရန်ကုန်မြို့လယ်တွင် တည်ရှိနေပြီး မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍအတွက် အဓိကတင်ပို့ တင်သွင်းနေသည့် ရန်ကုန်ဆိပ်ကမ်းများတွင် နေ့စဉ်ကုန်ပစ္စည်းတင် ကွန်တိန်နာ အလုံး ၂၀၀ ခန့်နှင့် လစဉ် ကုန်သေတ္တာပေါင်း ၃၀၀၀၀ ခန့် အဝင်အထွက် ပြုလုပ်နေကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကုန်သွယ်နေမှုမှာ ရာခိုင်နှုန်း ၈၀ ခန့်ရှိနေပြီး နယ်စပ်ကုန်သွယ်မှုသည် ရာခိုင်နှုန်း ၂၀ ခန့်ရှိနေကာ နေ့စဉ်စီးဝင်နေသည့် ကုန်သေတ္တာများ၏ ရာခိုင်နှုန်း ၇၀ ခန့်သည့် ရန်ကုန်မြို့လယ် ကို ဖြတ်သန်း၍ လှိုင်သာယာသို့ သွားနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ရမှုတွင် ဖြေရှင်းရမည့် အချက်တစ်ခုအဖြစ် ပါဝင်နေခြင်းဖြစ် ပြီး ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သည့် ထီးတန်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းများနှင့် ပြည်တွင်းကမ်းရိုးတန်း ဆိပ်ကမ်းများအဖြစ် သာကေတဆိပ်ကမ်း နယ်မြေ၊ ယုဇန၊ နန်းသီတာ၊ ဝါးတန်း၊ ဗားကရာ၊ ချောင်းဝဆိပ်ကမ်း နယ်မြေနှင့် ဘုရင့်နောင်ဆိပ်ကမ်း နယ်မြေများ စသည်ဖြင့် ပြည် တွင်းပြည်ပ ကုန်စည်စီးဆင်းမှု ရှိနေသည်။
“ရန်ကုန်မှာ ကျပ်နေတဲ့လမ်းတွေ။ အထူးသဖြင့် ကမ်းနားလမ်းပေါ့။ ကုန်သေတ္တာတင်ယာဉ်တွေ တော်တော်များပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်ဆိပ်ကမ်းတွေ အကုန်လုံးလိုလိုက ရန်ကုန်မြို့လယ်မှာ ရှိနေတယ်။ နိုင်ငံခြားက ရောက်လာတဲ့ ကုန်သေတ္တာအားလုံးက ဘယ်ကိုသွားနေလဲဆိုရင် လှိုင်သာယာကို သွားနေတယ်။ ဆိုတော့ အဲဒီကုန်သေတ္တာတွေကို ဆိပ်ကမ်းကနေချ၊ ကုန်သေတ္တာတင် ယာဉ်ပေါ်တင် ကမ်းနားလမ်းကနေ ဘုရင့်နောင်လမ်းကနေ လှိုင်သာယာကို ၇၀ ရာခိုင်နှုန်းက သွားနေတယ်။ ဒါကို ကျွန်တော်တို့အဖွဲ့က ဖြေရှင်းဖို့ လုပ်နေတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတော့ ကွန်တိန်နာ ဘတ်စ်ပေါ်တင်၊ ရန်ကုန်ကို မဖြတ်တော့ဘဲနဲ့ ရေကြောင်းကနေ သွားဖို့လုပ်နေတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေသည် အမြင့်ဆုံး ဖြစ်နေပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေဖြင့် ဘတ်စ်ကားလိုင်းများ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေပြီဖြစ်ကာ အများပိုင်ယာဉ်လိုင်းများ ပြောင်းလဲရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများ တိုးတက်လာရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဦးသန်းဝင်းက ဆက်လက် ပြောကြားသည်။
ရန်ကုန်မြို့လယ် ဆိပ်ကမ်းများရှိ ကုန်သေတ္တာများ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ လှိုင်သာယာသို့ သွားနေပြီး ကုန်စည်စီးဆင်းမှုမှာ ယာဉ်ကြောပိတ်ဆို့မှုတစ်ခု ဖြစ်လာသဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေ