ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၆၀ ခန့်ရှိနေပြီး တစ်ဒေါ်လာလဲနှုန်း ၁၈ ကျပ်ဝန်းကျင် ပြန်လည်မြင့်တက်လာ

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၆၀ ခန့်ရှိနေပြီး တစ်ဒေါ်လာလဲနှုန်း ၁၈ ကျပ်ဝန်းကျင် ပြန်လည်မြင့်တက်လာ
Published 16 February 2016

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၆၀ ဝန်းကျင် ရှိနေပြီး တစ်ဒေါ်လာလဲနှုန်း ၁၈ ကျပ်ဝန်းကျင် ပြန်လည်မြင့်တက်လာကြောင်း ပြင်ပဈေးကွက်မှ သိရသည်။ဖေဖော်ဝါရီ တတိယပတ် ပြင်ပဒေါ်လာ လဲနှုန်းသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် တစ်ဒေါ်လာ ၁၂၄၂ ကျပ်ဝန်းကျင်မှ ၁၆ ရက်တွင် တစ်ရက်အတွင်း ၁၈ ကျပ်ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၂၆၀ ဝန်းကျင်သို့ မြင့်တက်လာခဲ့ခြင်းဖြစ် သည်။ဖေဖော်ဝါရီ ၁၆ ရက်ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၅၁ ကျပ် ဝန်းကျင်ရှိရာမှ တစ်ဒေါ်လာရောင်းဈေး ၁၂၅၃ ကျပ်ဝန်းကျင်သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာရောင်းဈေး ၁၂၅၈ ကျပ်သို့ မြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာရောင်းဈေး ကျပ် ၁၂၆၀ ဝန်းကျင်အထိ လည်းကောင်း ရှိလာခဲ့သည်။ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများသို့ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ ဖြင့် ဒေါ်လာနှစ်သိန်း ရောင်းချခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၄၁ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ်၁၂၃၀ ဝန်းကျင်တွင်ရှိနေခဲ့သည်။ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းတွင် ဗဟိုဘဏ်သတ်မှတ်ထားသော ဒေါ်လာလဲနှုန်း သည်၂၀၁၅ ခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ကျဆင်းခဲ့သော ဒေါ်လာသတ်မှတ်နှုန်းသည် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ သတ်မှတ်ထားပြီး ဈေးနှုန်းအပြောင်းအလဲ မရှိကြောင်း သိရသည်။ဖေဖော်ဝါရီ  ၁၆ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်း ရောင်းဈေး ကျပ် ၁၂၆၀ ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၅၅ ဝန်းကျင်တွင်ရှိနေသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၃၅ ကျပ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ၁၂၁၅ ကျပ်မှ ဖေဖော်ဝါရီ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၆ ကျပ်ဝန်း ကျင်အထိ ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်သို့ ကျဆင်းခဲ့သည်။ 

Most Read

Most Recent