Girls' Generation အဖွဲ့ဝင် တစ်ဖနီက ရက်ပ်အဆိုတော်ဂရေးနှင့် တွဲခုတ်နေသည်ဆိုသော သတင်းများကို ဇန်နဝါရီ ၂၉ ရက်တွင် ငြင်းဆိုခဲ့သည်ဟု သူ၏အေဂျင်စS.M. Entertainment က ထုတ်ပြန်ခဲ့သည်။တစ်ဖနီနှင့် ဂရေးအကြား ဆက်ဆံရေးသည် ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် ထက်မပိုကြောင်း၊ ၎င်းတို့နှစ်ဦး တွဲခုတ်နေသည်ဆိုသော သတင်းသည် ကောလာဟလသာဖြစ်ကြောင်း S.M. Entertainment က ထုတ်ပြန်ခဲ့သည်။တစ်ဖနီ၏ တစ်ကိုယ်တော် အယ်လ်ဘမ် ဖြန့်ချိရန်အတွက် ပြီးခဲ့သည့်နှစ်တွင် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြပြီးနောက် ချစ်သူအဖြစ်တွဲနေသည်မှာ သုံးလခန့်ရှိနေပြီဟု ကိုရီးယားသတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။တစ်ဖနီသည် ပြီးခဲ့သည့် ဒီဇင်ဘာတွင် Girls’ Generation၏ အဖွဲ့ခွဲဖြစ်သော TaeTiSeo (TTS) အဖွဲ့နှင့် Dear Santa အမည်ရ ခရစ္စမတ်အယ်လ်ဘမ်တစ်ခု ဖြန့်ချိခဲ့သည်။ Girls’ Generation အဖွဲ့ဝင်များဖြစ်သည့် တစ်ဖနီ၊ တေးယွန်းနှင့် ဆိုဟွန်းတို့ဖြင့် ဖွဲ့စည်းထားသည် TTS အဖွဲ့သည Dear Santa အပါအဝင် အယ်လ်ဘမ်သုံးခု ဖြန့်ချိထားသည်ဟု သိရသည်။အဆိုတော်၊ ထုတ်လုပ်သူတစ်ဦးဖြစ်သည့် ဂရေးသည် ၂၀၁၂ ခုနှစ် တွင် Blink သီချင်းဖြင့် ဂီတလောကသို့ဝင်ရောက်ခဲ့သည်။ ဂရေး၏ အေဂျင်စီ AOMG ကမူ အဆိုပါသတင်းအတွက် ကြေညာချက် ထုတ်ပြန်ခြင်းမရှိသေးပေ။















