NLD ပါတီအား မဲပေးရန် လက်ဖြင့် ညွှန်ပြသည်ဟုဆိုကာ မဲလက်မှတ်ထုတ်ပေးသည့် ဆရာမကို ပြည်ခိုင်ဖြိုးပါတီမဲ ရုံကိုယ်စားလှယ်က တရားစွဲသည့်အမှု ပဉ္စမမြောက် ရုံးချိန်းတွင် လိုပြသက်သေအဖြစ် မဲဆန္ဒရှင် နှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ မဲရုံအမှတ် (၁)၌ ဆရာမဒေါ်ဝင်းဌေးက NLD ပါတီကို မဲပေးရန် လက်ဖြင့် ညွှန်ပြသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ဦးကောင်းမြတ်ကျော်က နိုဝင်ဘာ ၉ ရက်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ပြီး ဦးဝေလွင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးနေအောင်၊ ဒေါ်ယမင်းမြင့်ဆွေတို့နှင့်အတူ ပုဗ္ဗသီရိမြို့နယ် ထုံးဘိုရဲစခန်းတွင် ရွေးကောက်ပွဲ ဥပဒေ ၆၁ (ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၁၉ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သည့် အဆိုပါရုံးချိန်းတွင် လိုပြသက်သေ မဲဆန္ဒရှင်နှစ်ဦးဖြစ်သည့် မခိုင်ခိုင်ဝင်းနှင့် မမိုးမိုးမြင့်တို့အား စစ်ဆေးခဲ့ကြောင်း၊ အမှုအတွက် လိုပြသက်သေ ၁၈ ဦး တင်ပြထားပြီး မဲရုံအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီမဲရုံ ကိုယ်စားလှယ်များကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ယင်းအမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်ရုံးချိန်းများတွင် တရားလိုနှင့် လိုပြသက်သေအဖြစ် မဲရုံမှူးတို့အား စစ်ဆေးခဲ့သည်။အဆိုပါအမှုအား အပတ်စဉ် အင်္ဂါနေ့တိုင်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့်ရုံးချိန်းတွင် လိုပြသက်သေနှစ်ဦးကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
NLD ပါတီအား မဲပေးရန် လက်ဖြင့် ညွှန်ပြသည်ဟုဆိုကာ မဲလက်မှတ်ထုတ်ပေးသည့် ဆရာမကို ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က တရားစွဲသည့်အမှု ပဉ္စမမြောက်ရုံးချိန်းတွင် လိုပြသက်သေ မဲဆန္ဒရှင်နှစ်ဦးအား စစ်ဆေး















