အယ်လ်နီညို ရာသီဥတုကြောင့် အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက “မြန်မာနိုင်ငံအနေဖြင့် နေရာဒေသအလိုက် သဘာဝဘေးအန္တရာယ် လေ့လာသုံးသပ် ကြိုတင်ပြင်ဆင်စီမံထားပြီး မိမိဒေသ၏ သဘာဝဘေးကို ကြံ့ကြံ့ခံနိုင်စွမ်း နှင့် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ထားရမည် ဖြစ်ကြောင်း” ပြောကြားသည်။
၂၀၁၆ ခုနှစ်အတွင်း အဆိုးရွားဆုံးသော ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အပေါ် ကာကွယ်ရေးအစီအမံများ စနစ်တကျ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ၎င်းအစည်းအဝေး၏ နိဂုံးချုပ်စကား၌ ထည့်သွင်းပြောကြားသည်။
နောက်ဆက်တွဲ ပြဿနာများအဖြစ် အစာရေစာရှားပါး ပြတ်လပ်ခြင်း၊ ရောဂါဘယများ ကျရောက်ခြင်း၊ အပူရှိန်လွန်ကဲ၍ တောမီးလောင်ကျွမ်းခြင်း စသည့်ပြဿနာများ ရင်ဆိုင်ရလေ့ရှိနိုင်ကြောင်း သိရသည်။
၁၉၉၇-၁၉၉၈ ခုနှစ် အယ်လ်နီညိုရာသီဥတုကြောင့် မြို့ကြီး ၁၈ ခု၌ အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့ပြီး မြို့ကြီး ၁၅ ခုတွင် မိုးရေချိန် အနည်းဆုံးစံချိန်တင်ခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် အယ်လ်နီညိုမှာ ၁၉၉၇-၉၈ ရာသီထက် ပိုမိုပြင်းထန်ပြီး နွေရာသီမှာ အပူချိန် ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်း က ပြောကြားထားသည်။
၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် အစွန်းရောက် ရာသီဥတုအဖြစ် ရေကြီးခြင်းများ ဖြစ်ပေါ်ကာ လူဦးရေတစ်သန်းခန့် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
အယ်လ်နီညိုရာသီဥတုသည် ပုံမှန်အားဖြင့် ခုနစ်နှစ်လျှင် တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး မုတ်သုံကာလ၌ မုတ်သုံအားနည်းခြင်း၊ လေတိုက်ခိုက်မှု ပုံသဏ္ဌာန်များပြောင်းခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းတို့ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံ၌ အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ဟု ဆို















