၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အသုံးစရိတ်ကို မူလလျာထားငွေ ကျပ် သန်း၂၁၃၇၀၉၆၃ ဒသမ ၈၈၃ မှ ကျပ်သန်း ၃၇၅၀၉ ဒသမ ၉၇၅ ကို ဖြတ်တောက်ခွင့် ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဇန်နဝါရီ ၅ ရက်က အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာတွင် ပူးပေါင်းကော်မတီက ထိုသို့ အစီရင်ခံ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြတ်တောက်ရန် အဆိုပြုငွေသည် မူလအသုံးပြုစရိတ် လျာထားချက်၏ ၀ ဒသမ ၁၇၆ ရာခိုင်နှုန်းဖြစ်ပြီး ဖြတ်တောက်ပြီး လိုငွေမှာ ကျပ်သန်း ၃၈၈၄၇၆၄ဒသမ ၃၆၈ ဖြစ်ကြောင်းနှင့် ဖြတ်တောက်ပြီးနောက် လိုငွေနှင့် ဂျီဒီပီ၏ ရာခိုင်နှုန်းမှာ ၄ ဒသမ ၆၁၈ ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအရ နေပြည်တော်ကောင်စီ၏ အသုံးစရိတ်ကျပ်သန်း ၁၀၀၀၀ မှ ကျပ်သန်း ၁၂၃၆ ဒသမ ၂၈၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ်သန်း ၆၄၇၂၃ဒသမ ၇၃၅ မှ ကျပ်သန်း ၁၂၅ ဒသမ ၆၈၅၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ်သန်း ၅၄၉၆ ဒသမ ၈၃၂ မှ ကျပ်သန်း ၂၉၀ ဒသမ ၇၅၊ သမဝါယမ ဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ်သန်း ၂၅၉၈ ဒသမ ၆၈၈ မှကျပ်သန်း ၇၇ ဒသမ ၉၆၁၊ ပြန်ကြားရေးဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ် သန်း ၇၃၅၃ ဒသမ ၄၂၄ မှ ကျပ်သန်း ၄၆၆ ဒသမ ၉၇၂၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ်သန်း ၉၃၂၀ ဒသမ ၇၂ မှ ကျပ် သန်း ၄၇၀၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ်သန်း ၄၇၉၁၃၀ ဒသမ ၈၅၇ မှ ကျပ်သန်း ၁၀၁၀၀၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ် သန်း ၆၁၉၆၉ ဒသမ ၈၄၅ မှ ကျပ်သန်း ၁၉၆၀၄ ဒသမ ၇၉၈နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ပြည်ထောင်စုမှ ထောက်ပံ့ငွေ(သာမန်)အတွက် ကျပ်သန်း ၁၅၆၆၆ ဒသမ ၂၁၄ မှ ကျပ်သန်း ၅၀၀၀၊ အားကစားဝန်ကြီးဌာန၏ အသုံးစရိတ် ကျပ် သန်း ၂၇၅၁ ဒသမ ၈၀၁ မှ ကျပ် ၁၃၇ ဒသမ ၅၂၉ စုစုပေါင်း ကျပ်သန်း ၃၇၅၀၉ ဒသမ ၉၇၅ ကို ဖြတ်တောက်ရန် တင်သွင်းထားသည်။
ထို့အတူ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကလည်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်နှင့်အညီ ပြင်ဆင်ဖြည့်စွက်ချက်များ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသင့်ကြောင်း ဇန်နဝါရီ ၅ ရက်က အစီရင်ခံစာ တင်သွင်းခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အပါအဝင် နိုင်ငံတော်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်း အခြေအနေမှာ ရငွေပိုင်းတွင် ပြည်ထောင်စုမှ ကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျပ်ဘီလျံ ၂၂၄၉ ဒသမ ၇၃၁ စုစုပေါင်းရငွေ ၁၉၆၉၈ ဒသမ ၄၂၁ ဘီလျံ၊ သုံးငွေပိုင်းတွင် ပြည်ထောင်စုမှ ကျပ်ဘီလျံ ၂၁၃၇၀ ဒသမ ၉၆၄၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျပ်ဘီလျံ ၂၂၄၉ ဒသမ ၇၃၁၊ စုစုပေါင်းသုံးငွေမှာ ၂၃၆၂၀ ဒသမ ၆၉၅ ဘီလျံဖြစ်ပြီး လိုငွေမှာ ကျပ်ဘီလျံ ၃၉၂၂ ဒသမ ၂၇၄၊ ဂျီဒီပီတန်ဖိုးမှာ ကျပ်ဘီလျံ ၈၄၁၂၈ ဒသမ ၁၂၇ နှင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အသုံးစရိတ်ကို မူလလျာထားငွေ ကျပ် ၂၁၃၇၀၉၆၃ ဒသမ ၈၈၃ သန်းမှ ကျပ် ၃၇၅၀၉ ဒသမ ၉၇၅ သန်း ဖြတ်တောက်ခွင့်ပြုရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာ တင်သွင်း















