အိန္ဒိယနိုင်ငံကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ မြန်မာနိုင်ငံသို့ သက်ရောက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုသည် ၂၀၁၆ ဇန်နဝါရီ ၄ ရက် နံနက် ၅ နာရီ ၃၅ မိနစ်ခန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၅၀ခန့်အကွာ အိန္ဒိယနိုင်ငံ မဏိပူသို့ ဗဟိုပြုပြီး လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
“အခုလှုပ်သွားတဲ့နေရာက အိန္ဒိယ - မြန်မာ မြေထုလွှာ ချပ်ဆက်စပ်တဲ့ နေရာမှာဖြစ်သွားတာ၊ အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ ၂၄မိုင်ပဲ ကွာတယ်။ အခုလက်ရှိအချိန်ထိ လေးယောက်သေပြီး တစ်ရာကျာ်လောက် ဒဏ်ရာရတယ်။ အဲ့ထက်များနိုင်ဖို့ရှိတယ်။ လူသေတာက အိန္ဒိယဘက်အခြမ်းမှာပဲ၊ မြန်မာဘက်မှာတော့ အခုအချိန်ထိ ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေ တက်မလာသေးဘူး။ မြန်မာဘက်မှာ အနီးဆုံးက တစ်မူးဖြစ်တယ်။ တမူးက ငလျင်လှုပ်တဲ့နေရာနဲ့ မိုင် ၆၀ လောက်ပဲ ဝေးတယ်”ဟု ဒေါက်တာဦးကျော်မိုးဦးကပြောသည်။
အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ငလျင်ဒဏ် သက်ရောက်မှုရှိခဲ့ကြောင်းလည်းသိရသည်။
“ ငလျင်က အင်အားကြီးတော့ ရန်ကုန်၊ မန္တလေးတို့ပါ သက်ရောက်ခဲ့တယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ ဆက်စပ်နေတဲ့ မြေထုလွှာချပ်က အဲ့ကနေပြီး ဘင်္ဂလားပင်လယ်အော်ထဲ ဆင်းလာတယ်။ ရခိုင်အနောက်ဘက်ကနေ ဖြတ်သွားတဲ့ဟာ ဖြစ်တယ်။ အဲ့ဒီတော့ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်တို့ကြတော့ အင်းအားပြင်းတဲ့ ငလျင်ဖြစ်တာကြောင့် ငလျင်ဒဏ် ခံစားရဖြစ်တယ်”ဟု ဒေါက်တာဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။
“ ကျွန်မတည်းခိုနေတဲ့ အဆောင်က သိသိသာသာကြီးကို လှုပ်သွားတယ်။ အဲ့ဒါကို အဆောင်က မခိုင်ဘူးထင်တာ။ အထပ်မြင့်မို့ လေတိုက်ပြီး လှုပ်တယ်ထင်တာ။ ပြီးတော့မှ ငလျင်လှုပ်မှန်းသိတယ်။ လှုပ်တာ တော်တော်လေးကို သိသာတယ်။ လှုပ်တဲ့အချိန်က စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်”ဟု မန္တလေးသို့ ရောက်ရှိနေသည့် မမိုးအောင်ကပြောသည်။
အိန္ဒိယနိုင်ငံကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ မြန်မာနိုင်ငံသို့ သက်ရောက်ခဲ့















