မြင်းခြံအကျဉ်းထောင် တာဝန်ခံအား တရားဥပဒေအရ အရေးယူပေးပါရန် ကျောင်သားနှစ်ဦးက မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုအား ဥပဒေအရ တရားစွဲဆိုရန် ရှိ မရှိ ယနေ့အမိန့်ချမည်

မြင်းခြံအကျဉ်းထောင် တာဝန်ခံအား တရားဥပဒေအရ အရေးယူပေးပါရန် ကျောင်သားနှစ်ဦးက မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုအား ဥပဒေအရ တရားစွဲဆိုရန် ရှိ မရှိ ယနေ့အမိန့်ချမည်
Published 10 December 2015

မြင်းခြံအကျဉ်းထောင်၌ အချုပ်ဖြင့်ရှိနေစဉ် ရိုက်နှိက်ခံရသဖြင့် အကျဉ်းထောင် တာဝန်ခံအား တရားဥပဒေအရ အရေးယူပေးပါရန် ကျောင်းသားနှစ်ဦးက မြင်းခြံမြို့နယ်တရားရုံးသို့ စက်တင်ဘာ ၂၇ ရက်က ဦးတိုက် လျှောက်ထားခဲ့သည်။ အဆိုပါ ဦးတိုက်လျှောက်ထားမှုအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀ အရ တိုင်ကြားသူအား စစ်ဆေးခဲ့ပြီးနောက် တိုင်ကြားလွှာပါ အကြောင်းအရာများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဒီဇင်ဘာ ၁၀ ရက် (ယနေ့) တွင် ကျောင်းသားနှစ်ဦး၏ လျှောက်ထားမှုအား ဥပဒေအရ တရားစွဲဆိုရန် ရှိ မရှိ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
 
မြင်းခြံမြို့တွင် မတ် ၂၇ ရက်က အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်သည့် ကျောင်းသားများထဲမှ မြင်းခြံဒီကရီကောလိပ် သင်္ချာဒုတိယနှစ်ကျောင်းသား မောင်စည်သူမြတ်နှင့် ပင်မသပိတ်စစ်ကြောင်း မြင်းခြံမြို့ မှ ဖြတ်သန်းစဉ် ဒီကရီကောလိပ်အတွင်း နိုင်ငံတော်အလံတိုင်တွင် ကျောင်းသားသမဂ္ဂအလံ လွှင်တင်ခဲ့မှုနှင့်ပတ်သက်၍ မုံရွာနည်းပညာတက္ကသိုလ် (စက်မှု) ကျောင်းသား မောင်စိုးလှိုင်တို့အား မတ်လအတွင်းက ဖမ်းဆီး အမှုဖွင့် တရားစွဲဆိုခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ၊ အမျိုးသားပညာရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် ကျောင်းသား နှင့် ဝန်းရံပြည်သူများအား အမြန်ဆုံးလွှတ်ပေးရန်အတွက် နိုဝင်ဘာ ၅ ရက်က မောင်စိုးလှိုင်၊ မောင်စည်သူမြတ်နှင့် မောင်ဉာဏ်မြင့်သန်းတို့က မြင်းခြံအကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့ရာ မောင်စိုးလှိုင်နှင့် မောင်စည်သူမြတ်တို့အား နိုဝင်ဘာ ၆ ရက် နံနက် ၆နာရီခန့်တွင် အခန်းတွင်းမှ စောင်ဖြင့်အုပ်ကာ ခေါ်ဆောင်ခဲ့ပြီးနောက် ရိုက်နှက်ခဲ့ကာ နောက်တစ်ရက်တွင် သောက်ရေမပေးခဲ့သည့်အတွက် အကျဉ်းထောင်အတွင်း တာဝန်ရှိသူများအား တရားဥပဒေအရအရေးယူပေးရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent