သန်လျင်မြို့နယ်တွင် ရဲနှစ်ဦးကို ဓားဖြင့် ထိုးသတ်မှု ကျူးလွန်ခဲ့သည့် တင်မြင့်အား ပုဒ်မ ၃၀၂ (၁ခ) အတွက် မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် တောင်ပိုင်းခရိုင်တရားရုံးကဒီဇင်ဘာ ၄ ရက်တွင် နံနက်ပိုင်းတွင် အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
ထို့အပြင် သေဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ ဖမ်းဆီးရန် လာရောက်မှုအား နှောင့်ယှက်ခဲ့သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်ကိုလည်း ထပ်မံချမှတ်လိုက်ကြောင်း တောင်ပိုင်းခရိုင် တရားရုံးမှ သိရှိရသည်။
အလားတူ တင်မြင့်သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က အမျိုးသား တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် အမှုအတွက် သန်လျင်မြို့နယ် တရား ရုံးက ၂၀၁၅ ခုနှစ် အောက်တိုဘာ၂၉ ရက်တွင် ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် မေလတွင် တင်မြင့်သည် သန်လျင်မြို့နယ်၌ အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၂၀၁၅ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေငြာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတည်းခိုခန်း၌ တိမ်းရှောင်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ၎င်းမှ ဓားဖြင့် ပြန်လည်ခုခံထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးခဲ့သည်။
ပြစ်မှုကျူးလွန်သူ တင်မြင့်သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက်စသည့် အမှုပေါင်း များစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။
၁၉၉၀ ခုနှစ်တွင် တင်မြင့်သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှု ကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရပြီး ယင်းသို့ ထွက်ပြေး တိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် သာကေတ မြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မ ရဲစခန်းနှင့် မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သတ်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းအား ဖြုတ်ကာ အစောင့်ရဲအား ရိုက်နှိက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းဒေါင့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။
ထိုသို့ ပြန်လည်လွတ်မြောက် လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည်နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန်ကြံစဉ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တာမွေ မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လုယက်မှုများ ထပ်မံကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည် ပြစ်မှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ထောင်ကျနေစဉ် အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစဉ်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ရဲနှစ်ဦးကို ဓားဖြင့် ထိုးသတ်မှု ကျူးလွန်ခဲ့သည့် တင်မြင့်အား မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် ခရိုင်တရားရုံးက အမိန့်ချ















