ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရာသီချိန်အမီ ဆားလုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ဈေးကွက် မတည်ငြိမ်မှုကြောင့် လုပ်သားရှားပါးမှုကို ဆိုးဝါးစွာ ကြုံ တွေ့နေရပြီး ဆားကွင်းအချို့မှာ လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးဘဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
နှစ်စဉ်ပင် အရှုံးဖြင့် ရင်ဆိုင်နေရသော ဆားလုပ်ငန်းရှင်များမှာ ဆားကြမ်းဈေးနှုန်း အာခံချက် မရှိမှုကြောင့် လုပ်သားဈေးနှုန်းများကို မြင့်မားစွာ တိုးမြှင့်ပေးနိုင်ခြင်းမရှိခြင်း၊ လုပ်သားအများစုမှာ ရန်ကုန်နှင့်အခြား မြို့ကြီးများ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်နေခြင်းများကြောင့် လုပ်သားများ ငှားရမ်းနိုင်ခြင်းမရှိကြောင်း၊ ဆားကြမ်းများ မထွက်ရှိသေးသည့် အချိန်တွင် ဖြစ်ပေါ်နေသည့် ဆားကြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၅ ကျပ်မှ ၇၀ ထိရှိသော်လည်း ဆားကြမ်းများ စတင်ထွက်ရှိချိန်တွင် ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ကျဆင်းသည့် ဈေးနှုန်းများကိုသာ ရရှိခြင်းများကြောင့် ဆားလုပ်ငန်း လုပ်ကိုင်လိုသူများ ပိုမို နည်းပါးလာခဲ့ကြောင်း သိရသည်။
“ဆားရာသီရောက်တော့ ဆားကွင်းတွေက စတော့စနေကြပြီ။ လုပ်သားကတော့ တော်တော်ကို ရှားတယ်။ လုပ်သားက သွားခေါ်တဲ့အခါမှာ မရဘူး။ ရန်ကုန်ရောက်တဲ့သူနဲ့ နိုင်ငံခြား ရောက်တဲ့သူနဲ့ ဖြစ်နေတယ်၊ လုပ်သားခတွေကအစ ဒီနှစ်ဆို အမျိုးသားတွေကို သုံးထောင့်ငါးရာ။ အမျိုးသမီးတွေဆို နှစ်ထောင့်ငါးရာလောက် ပေးရတယ်။ စရန်ကို တစ်သိန်းနှစ်သိန်း ပေးတာတောင်မှ မလိုက်ချင်ကြဘူး။ လူကိုမရနိုင်တာ။ အခုကွင်းတွေ ထွန်တဲ့ယက်တဲ့ အချိန်မှာ တစ်ကွင်းကို ဆယ့်ငါးယောက်လောက်လိုတဲ့ ကွင်းတွေမှာတောင် ခုနစ်ယောက် ရှစ်ယောက်တောင်မှ အနိုင်နိုင်ငှားရမ်းရတယ်၊ အခု ဆားကြမ်းသမားတွေ ဘဝက ကိုယ့်ဈေးကို ကိုယ်မဖြတ်နိုင်ကြဘဲ စက်တွေကပဲ ပေးတဲ့ဈေးပဲရတော့ တည်ငြိမ်တဲ့ဈေးကွက်မရတဲ့ အတွက် အရှုံးအမြတ် မသိဘဲ လုပ်နေရတာပဲ”ဟု ဧရာဝတီတိုင်း ဒေသကြီး ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက ဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဆားလုပ်ငန်းရှင်များမှာ နာဂစ်မုန်တိုင်းပြီးချိန်မှစတင်၍ နှစ်စဉ်ဆားကြမ်းဈေးနှုန်းများ ကျဆင်းမှုကြောင့် အရှုံးဖြင့် ရင်ဆိုင်နေရပြီး ဆားလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များမှာ နှစ်စဉ် ပိုမိုနည်းပါးလာလျက် ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရာသီချိန်အမီ ဆားလုပ်ငန်းများ စတင် လုပ်ကိုင်နေသော်လည်း ဈေးကွက် မတည်ငြိမ်မှုကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့နေရ















