မန်စီးတီး ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီး အင်္ဂလန်ဒါဘီတွင် မန်ယူ အနိုင်ရ

မန်စီးတီး ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီး အင်္ဂလန်ဒါဘီတွင် မန်ယူ အနိုင်ရ
Published 13 September 2015

စက်တင်ဘာ ၁၂ ရက်(စနေနေ့)တွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၅) ပွဲများတွင် မန်စီးတီးအသင်းက နောက်ကျဂိုးဖြင့် ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ မန်စီးတီးအနေဖြင့် အိမ်ကွင်းမာကျောသည့် ပဲလေ့စ်၏ကွင်းတွင် လူငယ်တိုက်စစ်မှူး အီဟီယန်နာချို၏မိနစ် ၉၀ သွင်းဂိုးကြောင့် အဖိုးတန်သုံးမှတ်ရရှိခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်ဒါဘီအဖြစ် တင်စားခေါ်ဝေါ်ခံရသည့် မန်ယူနှင့်လီဗာပူးလ်ပွဲတွင်မူ မန်ယူက ဘလင်း၊ ဟာရဲရား(ပယ်နယ်တီ)တို့၏ဂိုးများဖြင့် ဦးဆောင်ခဲ့ပြီးမှ လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီက ချေပဂိုးတစ်ဂိုးပြန်သွင်းယူသော်လည်း မန်ယူတိုက်စစ်မှူးသစ် မာတီယဲလ်က အနိုင်သေချာမည့် တတိယဂိုးကို သွင်း ယူပေးခဲ့ခြင်းဖြစ်သည်။ နေးစမစ်၏ဟက်ထရစ်ကြောင့် အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ချယ်လ်ဆီးအသင်းမှာ ၂၇ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်ရလဒ်ပိုင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ပွဲစဉ်-၅(စနေနေ့)ရလဒ်များအဲဗာတန် ၃-၁ ချယ်လ်ဆီးအာဆင်နယ် ၂-၀ စတုတ်စီးတီးပဲလေ့စ် ဝ-၁ မန်စီးတီးနောဝစ်ချ် ၃-၁ ဘုန်းမောက်ဝက်ဖို့ဒ် ၁-၀ ဆွမ်ဆီးဝက်စ်ဘရွန်း ဝ-၀ ဆောက်သမ်တန်
မန်ယူ ၃-၁ လီဗာပူးလ် 

Most Read

Most Recent