ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသည် မေလကုန်ပိုင်းမှသာ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲတွင် ပါဝင်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မေ ၂၀ ရက်တွင် ပြည်ပခရီးစဉ်အဖြစ် ဘီလာရုစ်နိုင်ငံနှင့် ပိုလန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးများ သွားရောက်မည်ဖြစ်ပြီး မေ ၂၈ ရက်မှသာ ပြန်လည်ရောက်ရှိမည်ဟု သတင်းရရှိသည်။ထို့အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသည် မေလကုန်ပိုင်းမှသာ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။ပထမအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအား ဧပြီ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမ၌ နိုင်ငံတာ်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအေးမောင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။မေ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် တက်တက်ကြွကြွ ဆောင်ရွက်သည်ကို မတွေ့ရကြောင်း၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ဖြစ်မြောက်ရန် ထပ်မံလိုအပ်ကြောင်း မီဒီယာများအား ပြောကြားမှုများ ရှိခဲ့သည်။ဒေါက်တာအေးမောင်က “အခုအတိုင်းဆို ဖြစ်နိုင်ဖို့ အလားအလာ နည်းတယ်။ နောက်တစ်ကြိမ်ဖြစ်ဖို့တောင် သိပ်မလွယ်ဘူး။ ကျွန်တော့်အမြင်ကတော့ သူတို့ဘက်က ဆွေးနွေးချင်တဲ့ပုံ သိပ်မတွေ့ဘူး။ အမှန်ပြောရရင်တော့ ပြီးခဲ့တဲ့အပတ်နဲ့ ဒီအပတ်ထဲမှာ ဖြစ်ရမှာပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတရယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရယ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ခဲ့ကြတယ်။ ယေဘုယျဆန်ဆန်တွေ ထွက်လာတာတော့ ကြားရတယ်။ ဖက်ဒရယ်ပြည်ထောင်စုတို့၊ ဘာတို့တွေ ကြားရတယ်။ သမ္မတကြီးပြောထားတာ တစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံပြင်ရေးဟာ လွှတ်တော်နဲ့ပဲ ဆိုင်တယ်။ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ဖို့ပြောထားတာ ရှိတယ်။ ဖွဲ့စည်းပုံမှာပါတဲ့အတိုင်းပဲ ဖွဲ့စည်းပုံကို ပြင်ရမယ်။ အဓိက တာဝန်ရှိတာ လွှတ်တော်ပဲဆိုပြီး ပြောခဲ့ဖူးတာ ရှိတယ်ဗျ။ ၄၈ ပွင့်တို့၊ ၁၄ ပွင့်တို့တွေ့ပြီး သူတို့ပြောချင်တဲ့ နိုင်ငံရေးစကားပြောမယ်။ ဖွဲ့စည်းပုံကိုပြင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားမယ်။ ဒါကတော့ လူတိုင်းပြောလို့ ရတာပေါ့ဗျာ” ဟု ပြောကြားသည်။ပထမအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူဘောင်ဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။ထို့ပြင် ငြိမ်းချမ်းရေးကိစ္စနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေး ကိစ္စများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့သည်။
ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ မေလကုန်ပိုင်းမှသာ ဖြစ်နိုင်ဖွယ်ရှိ
Most Read
Most Recent
11 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago