"သာမန်လူတစ်ယောက်လို ဘဝကို ပျော်ရွှင်စွာဖြတ်သန်းသွားပါမယ်"

"သာမန်လူတစ်ယောက်လို ဘဝကို ပျော်ရွှင်စွာဖြတ်သန်းသွားပါမယ်"
Photo : AFP
Photo : AFP
Published 23 October 2023
El Nino

ချယ်လ်ဆီးနဲ့ ရီးယဲလ်ကစားသမားဟောင်း အီဒင်ဟာဇက်က အသက် (၃၂)နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟောင်း ဟာဇက်က ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ (၂)ကြိမ်ဖြစ်ခဲ့ပြီး ၂၀၁၉ မှာ ရီးယဲလ်အသင်းကို ပေါင် (၈၉)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ရီးယဲလ်မှာ ဟာဇက်က အသင်းလိုက်အောင်မြင်မှုတွေ ရခဲ့ပေမဲ့ ဒဏ်ရာပြဿနာများစွာ ရင်ဆိုင်ခဲ့ရပြီး (၃)ရာသီအတွင်း လာလီဂါ (၅၄)ပွဲသာ ကစားခဲ့ရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့တဲ့ ဟာဇက်က ဒီရာသီမှာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီးနောက် ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အနားယူပြီးနောက် ဟာဇက်ရဲ့ ပထမဆုံးအင်တာဗျူးကို ဖော်ပြလိုက်ပါတယ် . . .

 

Most Read

Most Recent