ကုလသမဂ္ဂနှင့် နိုင်ငံတကာစာမျက်နှာတွင် အပြန်အလှန် အထောက်အကူ ပေးနိုင်ရေး မြန်မာနှင့် ဘရားဇီလ် နှစ်နိုင်ငံသံအမတ်ကြီးများ ဆွေးနွေး

ကုလသမဂ္ဂနှင့် နိုင်ငံတကာစာမျက်နှာတွင် အပြန်အလှန် အထောက်အကူ ပေးနိုင်ရေး မြန်မာနှင့် ဘရားဇီလ် နှစ်နိုင်ငံသံအမတ်ကြီးများ ဆွေးနွေး
Published 30 September 2023

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်ကျော်ဇံနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီးအဖြစ် မြန် မာနိုင်ငံသို့ မကြာမီသွားရောက်တာဝန် ထမ်းဆောင်မည့် H.E. Mr. Gustavo Rocha de Menezes တို့သည် မြန်မာသံရုံး၊ ဘရာဇီးလျား မြို့ ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအ လာရှိသည့် ကဏ္ဍရပ်များအား လေ့လာဆန်း စစ်သွားနိုင်ရေး၊ မြန်မာသံရုံး၊ ဘရာဇီးလျား မြို့နှင့်ဘရာဇီးလ်သံရုံး၊ ရန်ကုန်မြို့တို့အကြား အပြန်အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီး မှုနှင့် ရိုင်းပင်းကူညီမှုများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံ အ ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အလေး ထားလျက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ မျက် နှာစာတွင်လည်း အချင်းချင်းနားလည်မှုပေး နိုင်ရေးနှင့် အပြန်အလှန် အထောက်အကူ ပေးနိုင်ရေးစသည့်ကိစ္စရပ်များကို အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

Most Read

Most Recent