မြန်မာ-ရုရှား နှစ်နိုင်ငံ ဗဟိုဘဏ်အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူစာချုပ်နှင့်  ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာ-ရုရှား နှစ်နိုင်ငံ ဗဟိုဘဏ်အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူစာချုပ်နှင့်  ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Published 16 September 2023

မြန်မာ-ရုရှား နှစ်နိုင်ငံ ဗဟိုဘဏ်အ ကြားဘဏ်စာရင်းဖွင့်လှစ်သည့် သဘော တူစာချုပ်နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ 

နိုငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အ ဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်း ဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပ သည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျား စီးပွား ရေးဖိုရမ် (8th Eastern Economic Forum) တက်ရောက်ခဲ့သည့် ခရီးစဉ်တွင် အထက်ပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့သဘောတူညီချက်များလက်မှတ် ရေးထိုးရာတွင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအ ဆင်ပြေစေရန်နှင့် ငွေပေးချေမှုများအဆင် ပြေချောမွေ့စေရန် အတွက် ရုရှားဘဏ်များမှ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ (သို့မဟုတ်) ကိုယ်စား လှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်နိုင်ရန် ရည် ရွယ်ချက်ဖြင့် ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့်မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်စာရင်းဖွင့်လှစ် သည့် သဘောတူစာချုပ်အား မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊ နှစ် နိုင်ငံခရီးသွား ဧည့်သည်ဝင်ရောက်မှုများ တိုးမြှင့်လာစေရေး၊ ခရီးသွားလုပ်ငန်းဝန် ဆောင်မှု အရည်အသွေးများ မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း အလားအလာများ တိုးမြှင့် လာစေရေးနှင့်ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး တို့ကိုရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့်ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီးတို့ကလည်းကောင်း လက် မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ  ရုရှားနိုင်ငံခရီးစဉ်အတွင်း အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ဒုတိယဝန်ကြီး ချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ် နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ စက်မှုဝန် ကြီး ဌာန၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန် သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေ ထွေအတွင်းရေးမှူး ချုပ်နှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာထမ်းများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

အရှေ့ဖျားဖိုရမ်တက်ရောက်စဉ်ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရုရှား သမ္မတ၏အကြံပေး၊ ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဥက္ကဋ္ဌ မစ္စတာအန်တွန် ကိုဗျာကော့ဗ် (Mr. Anton Kobyakov)ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ် ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့  ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုဝန်ကြီး မစ္စတာမာ့ခ်ဆင်ရီရှတ်နီကို့ဗ် ခေါင်း ဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ စတုတ္ထ အ ကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက် မှု ကော်မရှင်အစည်းအဝေးကျင်းပရေး၊ မြန် မာ - ရုရှားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်း ပြမြေပုံအကောင် အထည်ဖော် ဆောင်ရွက် မှုအခြေအနေများနှင့်စပ်လျဉ်း၍ အပြန်အ လှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ထို့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ သည် JSC Russian Railways rS First Deputy CEO Mr. Sergey Pavlov  ခေါင်း ဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရ ထားလမ်း တည်ဆောက်ရေးကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ စက်ခေါင်းနှင့်လူစီးတွဲစက်ရုံများတွင် စီမံကိန်း လုပ်ငန်းအသစ်များ ပူးပေါင်းဆောင် ရွက်နိုင်ရေး၊ ရုရှားနိုင်ငံ တက္ကသိုလ်များအနေ ဖြင့် ရထားပညာတော်သင်များဆောင်ရွက် ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ရထားလုပ်ငန်းများ အတွက် နည်းပညာနှင့်ငွေကြေးအထောက်အ ပံ့များရရှိနိုင်ရေးနှင့်ကုန်းတွင်းဆိပ်များ တည် ဆောက်ရေးလုပ်ငန်းများတွင် လာရောက်ရင်း နှီးမြှုပ်နှံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။ 

အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့ သည်ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ မစ္စတာအီဗန်ဗီတိုရိုဗစ်ရှ် ပိုလီရာ ကော့ဗ် ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ ၍  ရုရှားနိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊ ရုရှားနှင့်မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်  တင်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် ညနေ ပိုင်းတွင် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၏ ပင်မ အခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက် ခဲ့ပြီး အစည်းအဝေးတွင်ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က မိန့် ခွန်း ပြောကြားပြီး လာအိုပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတက ဆွေးနွေးဖက် နိုင်ငံအနေ ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရ သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည်ယင်းဖိုရမ်ကျင်းပစဉ်ကာလအတွင်း ရုရှားနိုင်ငံ၏ ဒေသဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံမှု အနေဖြင့် စက်တင်ဘာ ၁၂ ရက် ညနေပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအလယ်ပိုင်း ရှိ  အီကွတ်မြို့၏ Governorခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လာမှုလုပ်ငန်းများနှင့်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ် များကိုလည်းကောင်း၊ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပရီမော့စကီးဒေသ၏ Governor ခေါင်း ဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အ ကြား ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုဖြစ်နိုင် ခြေ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုး ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ကို လည်းကောင်း ဆွေးနွေးခဲ့ကြောင်းသိရ သည်။

ယင်းအပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နည်းပညာဆိုင်ရာကုမ္ပဏီများ၊ အဖွဲ့ အစည်းများနှင့်လည်း သီးခြားတွေ့ဆုံဆွေး နွေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် Aquarius နည်း ပညာ ကုမ္ပဏီမှ တာဝန်ရှိသူများအား လက်ခံ တွေ့ ဆုံ ရာတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့်သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်နိုင်ရေးနှင့်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့် အလမ်းများ၊ Aquarius  နည်းပညာ ကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန် စီးပွား ရေးလုပ်ငန်းများအချင်းချင်း တွေ့ဆုံ ဆွေးနွေး မှုများ ဆောင်ရွက်ရန်ကိစ္စရပ်များကို လည်း ကောင်း၊ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် Far Eastern Federal Uni-versity မှ တာ ဝန်ရှိသူများအားလက်ခံတွေ့ဆုံရာတွင် မြန် မာ နိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်င်Far Eastern Federal University (FEFU)

တို့အကြား လက်မှတ်ရေးထိုးထားသည့် ဆေး ဘက်ဆိုင်ရာပညာရပ် ပူးပေါင်းဆောင် ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာအကောင် အ ထည်ဖော်ဆောင်ရွက်ရေး၊နှစ်နိုင်ငံ တက္က သိုလ် များ အကြား ပူးပေါင်းဆောင် ရွက်မှုများ စတင်ရေးနှင့်နေပြည်တော်တွင် FEFU

 ရုံးခွဲဖွင့်လှစ်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း ၍လည်းကောင်း ဆွေးနွေးခဲ့ကြောင်းသိရ သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည့်ဗလာဒီဗော့စတော့ခ်အပြည်ပြည်ဆိုင်ရာဆိပ် ကမ်း Commercial Port of Vladivostok သို့လည်း သွားရောက်၍ ဆိပ်ကမ်း၏ စွမ်းဆောင်မှုများ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုစနစ်အား အဆင့်မြင့် ကွန်ပျူတာစနစ် အသုံးပြု၍ စီမံခန့်ခွဲနေမှု များနှင့်အနာဂတ်ဆိပ်ကမ်း ဆက်လက် တည် ဆောက်မည့်အစီအမံများကို လေ့လာခဲ့ ကြောင်း သိရသည်။    

 

Most Read

Most Recent