မိုးပြာရောင်မန်ချက်စတာတို့ရဲ့တောင်ပံတိုက်စစ်လက်နက်အသစ်

မိုးပြာရောင်မန်ချက်စတာတို့ရဲ့တောင်ပံတိုက်စစ်လက်နက်အသစ်
Photos: Twitter
Photos: Twitter
Published 13 September 2023
Zay Yar Htun

နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဖူလ်ဟမ်နဲ့ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာစီးတီးအသင်းအတွက် ဒိုကူ စတင်ပွဲထွက်ခွင့်ရရှိခဲ့ ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံ တိုက်စစ် (၂)ဖက်စလုံးမှာ ဒိုကူအနေနဲ့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မရရှိသေးပေမဲ့ မန်ချက်စတာစီးတီးအသင်းအတွက် အတော့်ကို အားကိုးရနိုင်မယ့် ကစားဟန်ကို ဒိုကူပြသသွားခဲ့တာပါ။ ဒါကြောင့်လည်း မန်ချက်စတာစီးတီးပရိသတ်တွေရဲ့ အားပေးမှုကို ဒိုကူရရှိခဲ့တယ်။ ဒိုကူရဲ့ ရန်းစ်ကစားသမားဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်ရင်လည်း အထင်ကြီးစရာကောင်းနေခဲ့တာကို တွေ့ရပါလိမ့်မယ်။ သူက ပြင်သစ်လီဂူးမှာ ရန်းစ်အသင်းနဲ့အတူ လိဂ်(၇၅)ပွဲကစားကာ (၁၀)ဂိုးသွင်းယူခဲ့တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွေ့ အကြုံ ရှိသလို၊ PSG ကြယ်ပွင့် ဘာပေကိုယ်တိုင်က သူ့အဖေကို "လီဂူးမှာ ကျွန်တော့်ကို အထင်ကြီးစေတဲ့  မြန်နှုန်းမြင့်ကစားသမားတစ်ယောက်ရှိတယ်။ သူက ရန်းစ်မှာ ကစားနေတဲ့ ဒိုကူပါပဲ" လို့ ပြောခဲ့တယ်။

 

Most Read

Most Recent