ဆာလာရဲ့ အနာဂတ် တည်ငြိမ်သွားပြီလား

ဆာလာရဲ့ အနာဂတ် တည်ငြိမ်သွားပြီလား
Photos: AFP & Twitter
Photos: AFP & Twitter
Published 13 September 2023
AK

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ် အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို က မ္ဘာ့စံချိန်တင်ကြေး ပေါင် ၂၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆာလာကို အယ်လ်အစ်တီဟတ် အသင်းက ပေါင်သန်း ၁၅ဝနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ လီဗာပူးလ်ဘက်က လက်မခံခဲ့လို့ ဆော်ဒီလိဂ် အပြောင်းအရွှေ့ကာလမပိတ်ခင် ထပ်မံကမ်းလှမ်းခဲ့တာပါ။  အယ်လ်အစ်တီဟတ်က ပေါင်သန်း ၁၇၀ နဲ့ Add-ons ကြေးပေးပြီး ဆာလာကို ထပ်မံကမ်းလှမ်းခဲ့တာပါပဲ။ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကတော့ ဆာလာကို လုံးဝမရောင်းဘူးလို့ တုံပြန်ထားပါတယ်။ အယ်လ်အစ်တီဟတ်က လက်ရှိအပြောင်းအရွှေ့ကာလမှာ ဆာလာကို မခေါ် နိုင်ရင်လည်း ဇန်နဝါရီကျရင် ထပ်မံကြိုးစားပါလိမ့်မယ်။  အယ်လ်အစ်တီဟတ်အသင်း တာဝန်ရှိသူတွေဟာ လန်ဒန်ကိုလာပြီး ဆာလာအတွက် ဆွေးနွေးခဲ့ဖူးတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးရှင်က နေမာဖြစ်ပြီး ဘာစီလိုနာကနေ PSG ကို ပေါင်သန်း ၂၀၀ နဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဂန္ထဝင်ကစားသမား ကာရေဂါကလည်း လီဗာပူးလ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဆာလာဟာ မကြာမီ အသင်းကနေထွက်ခွာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့တယ်။

 

Most Read

Most Recent