သာကေတမြို့နယ် အနော်မာမှတ်တိုင်အနီးတွင် အမျိုးသားနှစ်ဦး YBS ယာဉ်ပေါ်မှ ပြုတ်ကျပြီး တစ်ဦးသေဆုံး

သာကေတမြို့နယ် အနော်မာမှတ်တိုင်အနီးတွင် အမျိုးသားနှစ်ဦး YBS ယာဉ်ပေါ်မှ ပြုတ်ကျပြီး တစ်ဦးသေဆုံး
ဓာတ်ပုံ-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့
ဓာတ်ပုံ-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့
Published 11 September 2023

သာကေတမြို့နယ် အနော်မာမှတ်တိုင်အနီးတွင် အမျိုးသားနှစ်ဦး YBS ယာဉ်ပေါ်မှ ပြုတ်ကျပြီး တစ်ဦးသေဆုံးမှု စက်တင်ဘာ ၁၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် YBS 76 ယာဉ်မှာ ဧရာဝဏ်လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် အနော်မာမှတ်တိုင်အရောက်တွင် ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးမှာ ပြုတ်ကျခဲ့ကြောင်း သိရသည်။

နှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။

သေဆုံးသူနှင့်ဒဏ်ရာရရှိသူမှာ အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးခဲ့သူအား မနောဖြူလူမှုကူညီရေးအသင်းနာရေးယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး မစိုးရိမ်ရလူနာအား အမတ္တဂဝေသီလူမှုကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent