စတာလင် ပြန်လာပြီ

စတာလင် ပြန်လာပြီ
Photos: AFP
Photos: AFP
Published 30 August 2023
AK

လူတန်တောင်းကို နှစ်ဂိုးသွင်းလိုက်ရုံနဲ့ စတာလင်ကို အကြီးအကျယ် ချီးကျူးချင်တာမဟုတ်ဘူး။ စတာလင်ရဲ့ ကစားဟန်ကို အာရုံခံပြီးမှချီးကျူးချင်တာပါပဲ။ စတာလင် ဘောလုံးရသွားတဲ့အခါ ပြိုင်ဘက်ခံစစ်ကစားသမားတွေ ဘယ်လိုတုံ့ပြန်နေသလဲဆိုတာစောင့်ကြည့်လိုက်ရင် မြင်သာပါတယ်။ စတာလင် ဘောလုံးရသွားတဲ့အခါ ပြိုင်ဘက်တွေ အထူးအာရုံစိုက်ပြီး ကြွက်သားတွေ တောင့်တင်း၊ ပခုံးကြောတွေ ထောင်လာသလိုပဲ။ ဝက်စ်ဟမ်းကို ချယ်လ်ဆီး အညံ့ခံရတုန်းကလည်း စတာလင် တစ်ကိုယ်တော် ထူးချွန်နေတယ်။ဝက်စ်ဟမ်းခံစစ်ကစားသမားတွေဟာ စတာလင်ကြောင့် ဖရိုဖရဲဖြစ်နေရှာတယ်။ စတာလင်ရဲ့ Twist တွေ၊ Turn တွေ၊ ပြေးအား၊ စိတ်ပိုင်းဖြတ်ပုံတွေဟာ စတာလင် ဖိတ်ဖိတ်လက်ဖြစ်နေကြောင်းသက်သေပြနေတယ်။

 

Most Read

Most Recent