အန်ဒိုဟာ လီဗာပူးလ်အသင်းမှာ ကျောနံပါတ် (၃)ကို ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ကစားတဲ့ပွဲမှာလည်း လီဗာပူးလ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ကစားသွားခဲ့ပါတယ်။ အဲဒီပွဲမှာ အန်ဒိုရဲ့ ပါရမီခြေစွမ်းကိုတွေ့ခဲ့ရပြီး အခုရာသီမှာ လီဗာပူးလ်ရဲ့ အားထားရာ ကွင်းလယ်ကစားသမားဖြစ်လာလိမ့်မယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အန်ဒိုကို အားနည်းနေတဲ့ ကွင်းလယ်နေရာအတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ဖာဘင်ညို၊ ဟန်ဒါဆန်တို့ရဲ့ ကွက်လပ်ကို ဖြည့်ဖို့ အားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့်နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကွင်းလယ်ကစားဟန်ယှဉ်နိုင်ဖို့အတွက် ကွင်းလယ်အဖျက်နေရာမှာ အန်ဒိုပွဲထွက်ခွင့်ရနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် လီဗာပူးလ်ကစားသမားဘဝ ပထမဆုံး သူ့ရဲ့ ပွဲထွက်ကစားခွင့်ကို စိန့်ဂျိမ်းစ်ပတ်မှာ စတင်ရရှိဖို့ရှိပြီး အန်ဒိုအနေနဲ့ရော ပရိသတ်တွေအကြား ရေပန်းစားလာဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
လီဗာပူးလ်နဲ့အတူ အမြင့်ပျံဖို့ကြိုးစားမယ့် အာရှကြယ် (သို့မဟုတ်) အန်ဒို
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago















