မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူအား စတင်ဝင်ရောက် ဖူးမြော်ခွင့်ပြု

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူအား စတင်ဝင်ရောက် ဖူးမြော်ခွင့်ပြု
Published 8 August 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားသည့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား ယနေ့(သြဂုတ် ၈ ရက်)မှ စတင်၍ အများပြည်သူကို စတင်ဝင်ရောက် ဖူးမြော်ခွင့်ပြုထားကြောင်း သိရသည်။

သြဂုတ် ၁ ရက် (ဒုတိယဝါဆိုလပြည့်နေ့)က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအခမ်းအနားများကို ကျင်းပခဲ့ပြီးနောက် သြဂုတ် ၈ ရက် စတင်၍ အများပြည်သူကို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ကို ရဟန်း၊ ရှင်လူ အများပြည်သူများအနေဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယနေ့ (ဩဂုတ် ၈ ရက်)မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ဖူးမြော်ကြည်ညိုနိုင်ပါကြောင်း သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကျောက်စာရုံစေတီတော်များ တည်ထားသည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဝင်ရောက်ခွင့်ကို သြဂုတ် ၁၆ ရက်အထိသာ အခမဲ့ခွင့်ပြုပေးမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အခကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent