ဇွန် ၁၂ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၉၆၇ ဒေါ်လာဝန်းကျင်ရှိပြီးပြည်တွင်းရွှေစျေးကျပ် ၃၀၉၃၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
၂၀၂၃ ခုနှဏ် ဇွန် ၁၀ ရက်တွင် အခေါက်ရွှေစျေး ကျပ် ၃၀၉၂၀၀၀ ဝန်းကျင်၊ ဇွန် ၉ ရက်က ကျပ် ၃၀၉၅၀၀၀ ဝန်းကျင်၊ဇွန် ၈ ရက်တွင် အခေါက်ရွှေစျေး ကျပ် ၃၀၈၇၀၀၀ ဝန်းကျင်၊ ၇ ရက်တွင် အခေါက်ရွှေစျေး ကျပ် ၃၀၇၇၀၀၀ ဝန်းကျင်၊ ဇွန် ၆ ရက်တွင် ကျပ် ၃၀၆၃၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း အနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ် ၂၀၃၂၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၉၁၀၅၀၀ ဝန်းကျင်ရှိနေသည်။
မတ် ၇ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေ စျေးနှုန်းမှာ ၁၉၉၁၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၈၇၄၀၀၀ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။
လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈-၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။
ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်ညွှန် ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရ သည်။