ငွေကြေးဖောင်းပွမှု ဖိအားများနှင့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အနာဂတ်ကိုခန့်မှန်းရန် ခက်ခဲလာသည့် မြန်မာ့စက်မှုလုပ်ငန်းများ

ငွေကြေးဖောင်းပွမှု ဖိအားများနှင့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အနာဂတ်ကိုခန့်မှန်းရန် ခက်ခဲလာသည့် မြန်မာ့စက်မှုလုပ်ငန်းများ
Published 4 June 2023

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ လေးလဆက်တိုက်တိုးတက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှု ဖိအားများ၊လျှပ်စစ်ပြတ်တောက်မှုနှင့် ပစ္စည်းပေးသွင်းမှုကွင်းဆက်များ ကြန့်ကြားမှုများကြောင့် အနာဂတ်ကို ခန့်မှန်း ရန် ခက်ခဲလာကြောင်း  ၂၀၂၃ ခုနှစ် မေလအ တွက် ထုတ်ပြန်သည့် S&P Global မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်သည်။

အော်ဒါအသစ်များနှင့် ထုတ်လုပ်မှုနှစ်ရပ် စလုံး မြင့်တက်မှုအားပျော့လာခြင်း၊ ကုန်ကြမ်း များ ရှားပါးနေပြီး လျှပ်စစ်ပြတ်တောက်မှုများ အကြားတွင် လက်ကျန်အလုပ်များ တိုးလာနေ ခြင်း၊ ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများ ကျဆင်းမှုမှာ မှတ်တမ်းထဲတွင် အားအကောင်း ဆုံးဖြစ်လာခြင်းတို့ကြောင့် ပြီးခဲ့သည့်မေလ အတွင်း ထုတ်လုပ်မှု ကြီး ထွားလာမှုမှာ သိသိ သာသာနှေးလာခဲ့ကြောင်း မေလစစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် ဒုတိယသုံးလပတ်အလယ်တွင် လုပ်ကိုင်မှု အခြေအနေများ ရှေ့ဆက်တိုးတက်လာနေကြော င်းကို မှတ်တမ်းတင်ခဲ့သည်။ စျေးဝယ်များဘက် မှ ဝယ်လိုအားကောင်းလာခြင်းက စက်မှုကဏ္ဍ ကို ပံ့ပိုးခဲ့ပြီး အော်ဒါအသစ်များနှင့် ထုတ်လုပ် မှုသည် ငါးလဆက်တိုက် မြင့်တက်လာခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ် လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါ င်းစပ် ထားသည့် တစ်ခုတည်းသောအညွှန်း ကိန်းမှာ မေလတွင် ကြားနေအမှတ် ၅၀ ဒသမ ၀ ၏ အထက်မှာ လေးလဆက်တိုက် မှတ်တမ်းတင် နိုင်ခဲ့သည်။ နောက်ဆုံးအညွှန်းကိန်း ၅၃ ဒသမ ၀ မှာ ၅၀ ဒသမ  ၀ အောက်တွင်ရှိနေသည့် သမိုင်းစဉ် ပျှမ်းမျှအညွှန်းကိန်း ၄၈ ဒသမ ၀ ထက် မြင့်နေသော် လည်း ဧပြီလ၏စံချိန်တင် ၅၇ ဒသမ ၄ ထက် နိမ့် ဆင်းသွားလျက် ဖေဖော် ၀ါရီလ မှစပြီး လုပ်ငန်း အခြေအနေများ အား အပျော့ဆုံးတိုးတက်လာ မှုကို အချက်ပြနေသည်။

“နောက်ဆုံး PMI ဒေတာက မြန်မာနိုင် ငံထုတ်လုပ်ရေးကဏ္ဍထဲက အခြေအနေတွေ တိုးတက်လာမှုဟာ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် အားပျော့လာပေမဲ့ ခိုင်မာကြောင်းကို အချက် ပြနေပါတယ်။ အော်ဒါအသစ်တွေ တိုးတက် ရရှိမှုက မေလမှာ အားပျော့လာတဲ့အတွက်ဒီလို နှေးလာခဲ့ခြင်းဖြစ်ပြီး အဲဒီအချက်ကြောင့် ထု တ်လုပ်မှု ဦးမော့မှုပါအားပျော့လာခဲ့ရတာပါ” ဟု S&P Global မှ စီးပွားရေးပညာရှင် Maryam baluch က သုံးသပ်ထားသည်။

စက်ရုံအော်ဒါများသည် မေလတွင် တ ဟုန်ထိုး တိုးရလာခဲ့သော်လည်း ဒုတိယသုံးလ ပတ်အစပိုင်းတွင် မြင်ခဲ့ရသည့်စစ်တမ်းတွင် အမြင့်ဆုံးနှုန်းနှင့်စာလျှင် ပိုအားပျော့ခဲ့သည်။ စျေးဝယ်များဘက်မှ ဝယ်လိုအားတိုးလာမှုက အော်ဒါအသစ်များ တိုးရလာရေးကို အ ထောက် အကူပြုခဲ့ကြောင်း အများစုက ထောက်ပြခဲ့ကြသည်။

ထုတ်လုပ်သူတို့အကြား အပြုသဘော ဆောင်သော ထင်မြင်မှုမှာ ၂၀၂၁ ခုနှစ် ဇန် နဝါရီမှစပြီး အားအကောင်းဆုံးဖြစ်လာသည်။ ထုတ်လုပ်မှုသည် လာမည့် ၁၂လအတွင်း တိုး လာမည်ဟု ကုမ္ပဏီများက မျှော်လင့်ကြသည်။ အချို့သော ကုမ္ပဏီများက လျှပ်စစ်ပေးသွင်း မှု ပိုကောင်းလာမှုက ထုတ်လုပ်မှုကို တိုးချဲ့ရန် ကူပေးနိုင်မည်ဟု မျှော်မှန်းကြသည်။

မကြာသေးမီက ဝယ်လိုအားကောင်းလာ မှုသည် ထုတ်လုပ်ရေးကုမ္ပဏီများတစ်ဝန်း တွင် နာလန်ပြန်ထူရေးကို ပံ့ပိုးခဲ့သော်လည်း ပစ္စည်းပေးသွင်းရေးဆိုင်ရာ စိန်ခေါ်မှုများက တိုးတက်မှုကို ဆက်ပြီး ဟန့်တားနေသည်။

ကုမ္ပဏီများသည် လျှပ်စစ်မီးပြတ်တောက် မှုများ၊ ကုန်ကြမ်းရှားပါးမှုများနှင့် အလုပ်သ မားများကို အလုပ်မှာမြဲနေအောင်ထိန်းထား ရန် ခက်ခဲမှုများကို အစီရင်ခံကြသည်။

“ပစ္စည်းပေးသွင်းမှုဆိုင်ရာအချက်များ က စက်မှုလုပ်ငန်းကြီးအပေါ်ကို ဆက်ဖိစီးနေ ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေ၊ ကုန်ကြမ်း ရှားပါးမှုတွေနဲ့ လူသားအရင်းအမြစ်မလုံလော က်မှုကို ထည့်သွင်းဖော်ပြနေကြပါတယ်။ ဒါ့ အပြင် ငွေကြေးဖောင်းပွမှုဖိအားပေးမှုတွေ အဆမတန်မြင့်မားနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်တွေ ကြန့်ကြာလာမှုတွေကြောင့် ကုမ္ပဏီတွေဟာ တောင်းဆိုချက်များကို ဖြည့် တင်းပေးနိုင်ဖို့ သူတို့ရဲ့ သိုလှောင်ကုန်များကို အထူးအားကိုးနေကြရပါတယ်”ဟု  စီးပွား ရေး ပညာရှင် Maryam Baluch က ပြောကြား ခဲ့သည်။

ထို့ပြင် ပစ္စည်းပေးသွင်းရေးကွင်းဆက် များက ဖိအားပေးမှုများမှာ ပြန်အားကော င်း လာခဲ့ပြီး  ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန် များ မှာ ရှစ်လအတွင်း အကြာမြင့်ဆုံးဖြစ်လာခဲ့ သည်။ ကုန်ကြမ်းရှားပါးမှုများ၊ တင်သွင်းခွင့် လိုင်စင်ရယူမှုဆိုင်ရာအခက်အခဲများနှင့် ပို့ ဆောင်ရေးလမ်းကြောင်းများ ရှာကြံနေရမှု တို့ ကြောင့် ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာချိန် များ တိုးလာခဲ့သည်။

စျေးနှုန်းများသည် မေလတွင် အရှိန်ရ လာခဲ့ရာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကုန်ကြမ်း ပစ္စည်းများ ရှားပါးမှုကြောင့်ဖြစ်သည်။ထို့ပြင် သွင်းအားစုကုန်ကျစရိတ်နှင့် ရောင်းစျေးများ ၏ ငွေကြေးဖောင်းပွမှုနှစ်ရပ်စလုံးမှာ သမိုင်း စဉ်အရ မြင့်တက်လျက်ရှိနေသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟို စာရင်းအင်းအဖွဲ့၏ထုတ်ပြန်ချက်အရ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့်  ဇူလိုင်လမှ စက်တင်ဘာလအထိကာလအ တွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း၂၇ ဒသမ ၉၈ ရာခိုင်နှုန်း၊ နှစ်အလိုက်ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၂၈ ဒသမ ၀၄ ရာခိုင်နှုန်းရှိခဲ့ သည်။

ဒေါ်လာနှင့်  ယွမ်ငွေအတွက် ကျပ်ငွေ၏လဲလှယ်ရေးနှုန်း အခြေမသာမှုကပါ ကုန်ကျ စရိတ် ဝန်ထုပ်ဝန်ပိုးများကို တိုးမြှင့်ပေးခဲ့ သည် ဟု လည်း စစ်တမ်းတွင် ဖော်ပြထားသည်။

“ထုတ်လုပ်ရေးကဏ္ဍရဲ့အခြေအနေဟာ  ဒီနှစ် ဖေဖော်ဝါရီလကစပြီး အရှိန်ရလာခဲ့ကာ ကုမ္ပဏီတွေအကြားက ယုံကြည်မှုပိုအားကော င်းလာခဲ့ပေမဲ့ နိုင်ငံရေးမရေရာမှုတွေနဲ့ နိုင် ငံ တကာအရေးအခင်းတွေ ပြင်းထန်လာနေ တဲ့ကြားမှာ အနာဂတ်ကို ခန့်မှန်းဖို့ မလွယ်ကူ ပါဘူး”ဟု S&P Global  မှ စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ထားသည်။

ကုန်ထုတ်လုပ်မှုတိုးတက်ရန်၊ သွင်း ကုန်အစားထိုးရန်နှင့် ပြည်ပသို့ ကုန်ပစ္စည်း များတင်ပို့နိုင်ရန် ရည်ရွယ်၍ MSME လုပ် ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေ ၂၉ ရက်က ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 MSME လုပ်ငန်းများကိုအားပေး ဆောင်ရွက်ခြင်းမှာ ကုန်ထုတ်လုပ်မှုများ တိုး တက်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး ရည် ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတွင်း ၌ ထုတ်ကုန်များ ပြည့်မီအောင်ထုတ်လုပ်နိုင် မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံ တော်က ကူညီဆောင်ရွက် ပေးသွားမည် ဖြစ် ကြောင်း ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။

ပြည်ပသို့တင်ပို့နိုင်သည့် ရောင်းတန်းဝင် ပစ္စည်းများရှိသော်လည်း ကုန်ထုတ်လုပ်မှု အားနည်းချက်ကြောင့် ပို့ကုန်ပမာဏ နည်းပါး မှုများသည်လည်း မဖြစ်သင့်ကြောင်း၊ MSME ကို အားပေးရခြင်း၏ အခြေခံအကြောင်း အ ချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအား ဖြင့် ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ရန်၊ သွင်း ကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန် ဖြစ်ကြောင်း၊ ထို့ကြောင့် သေချာသည့် ကုန် ကြမ်းများကို အသုံးပြုသည့် MSME လုပ် ငန်းများကို အဓိကအားပေးဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

ဥပမာအားဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန် နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကိုအခြေခံသည့် ထုတ်လုပ်မှု၊ ရော် ဘာကိုအခြေခံသည့် ထုတ်လုပ်မှု၊  ၀ါကို အခြေ ခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက် ကိုအခြေခံသည့် ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ၀ါး များကိုအခြေခံသည့်ထုတ်လုပ်မှု၊ မွေးမြူရေး အသား၊ ငါးကိုအခြေခံသည့် ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်း များသည် မိမိတို့နိုင်ငံ အတွက် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်း အောင်လှိုင်က ဆက်လက်ပြောကြားထား သည်။

မြန်မာနိုင်ငံသည် စားသောက်ကုန် ထုတ် လုပ်မှု ပိုလျှံသည့်နိုင်ငံဖြစ်သည့်အတွက် ပြည် ပမှ စားသောက်ကုန် သွင်းကုန်လျှော့ချ၍ ပြည် တွင်းစားသောက်ကုန်များကို စျေးကွက်များ တွင် ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးကို အားပေး ကူညီခြင်းဖြင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကိုပါ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရန်  လုပ်ငန်းရှင်များကအကြံပြုထားသည်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန် ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေး အတွက် အရေးကြီးကြောင်း၊ စက်မှုကဏ္ဍအ တွက်  လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့်မောင်း နှင်နေရခြင်းသည် ကုန်ကျစရိတ် များပြား သည့်အတွက် နည်းလမ်းရှာဖွေရန် လုပ်ငန်း ရှင်များက အစိုးရထံ တင်ပြထားကြသည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ် နှံလုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံတကာမှ လုပ် ငန်းရှင်များကလည်း ဘဏ်ကိစ္စများ၊ မူဝါဒ  ပြောင်းလဲမှုနှင့် လျှပ်စစ်မတည်ငြိမ်များကြော င့် အခက်အခဲကြုံတွေ့လျက်ရှိကြောင်း၊ လျှပ် စစ်မီး၊ ဒေါ်လာငွေလဲလှယ်နှုန်း၊ စျေးကွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိ ခြင်းကို ကူညီဖြေရှင်းပေးရန် တောင်းဆိုထား သည်။

                  

 

Most Read

Most Recent