မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့၏ခေတ် အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားမှာ ဟော်လန်းဟု ရွန်နီ သုံးသပ်

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့၏ခေတ် အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားမှာ ဟော်လန်းဟု ရွန်နီ သုံးသပ်
Photo: AFP
Photo: AFP
Published 26 April 2023

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက နာ မည်ကျော်တိုက်စစ်မှူးများဖြစ်သည့် မက်ဆီနှင့် စီရော်နယ်လ် ဒိုတို့၏ခေတ်မှာ အဆုံးသတ်သွားပြီဖြစ်ပြီး လက်ရှိကမ္ဘာ့အ ကောင်းဆုံးကစားသမားမှာ မန်စီးတီးတိုက်စစ်မှူး ဟော်လန်း ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

    

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) ကို နှစ်ဦးပေါင်း (၁၂)ကြိမ် အထိရယူကာ ဘောလုံးလောကကို စိုးမိုးခဲ့ကြသည့် ခေတ် ပြိုင်ကစားသမားများဖြစ်သည်။ သို့သော် လက်ရှိအချိန်၌ အ ဆိုပါကစားသမားနှစ်ဦးစလုံး နေဝင်ချိန်ရောက်ရှိလာပြီဖြစ် သည့်အတွက် ရွန်နီက ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းလည်းဖြစ် သည်။ ''လက်ရှိအချိန်မှာ ဟော်လန်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ မက်ဆီက အကြီးကျယ်အခမ်းနားဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ဟော်လန်းထက် ပိုကောင်းအောင် ကစားနိုင်သူ မရှိပါဘူး''ဟု ရွန်နီက ပြောကြားခဲ့သည်။ 

 

Most Read

Most Recent