မန်စီးတီး - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၁:၃၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်ဖလားပွဲစဉ်မှာ ဖရိုင်းဘတ်အသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ အခုမန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ ဒုတိယအကျော့ကစားထားဦးမှာပါ။ တစ်ခုရှိတာက ဒေါ့မွန်ကို ခြေစွမ်းပြ အနိုင်ရခဲ့လို့ တူဟယ်လ်ရဲ့အသင်းက အစကတည်း က အရှိန်တင်နိုင်ခဲ့တဲ့အနေအထားကနေ တစ်ပွဲပြန်ရှုံးသွားတာက စိတ်ပိုင်းဆ်ိုင်ရာအရ အတက်ဘက်ကို ရောက်သွားရမယ့်အစား ပြန်ကျသွားတာမျိုးပါ။ မန်စီးတီးက အကောင်းဆုံးပုံစံရနေပြီး ဂိုးတွေလည်း မြူးနေတာတွေ့ရတယ်။ ဒါပေမဲ့ ဒီနှစ်သင်း ရင်ဆိုင်တဲ့အခါ မန်စီးတီးခံစစ်ထက် ဘိုင်ယန်မြူးနစ်ခံစစ်ကသာပြီး တိုက်စစ်မှာ မန်စီးတီးက နည်းနည်းသာတယ်။ အသင်းလိုက်မာကျောမှုနဲ့အစဉ်အလာပိုင်းမှာဘိုင်ယန်ကို ပိုကြိုက်တယ်။ ဘိုင်ယန်သရေလောက်ကစားနိုင်မယ်ထင်တယ်။
■ မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် (၂၁)ရာစုအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၆)ကြိမ်တွေ့ဆုံခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက (၄) ကြိမ်အထိ အနိုင်ရရှိခဲ့သည်။
■ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီချန်ပီယံလိဂ် (၈)ပွဲကစားထားရာ ရာနှုန်းပြည့်အနိုင်ရရှိထားပြီး Clean Sheet (၇)ပွဲ ရရှိခဲ့သည်။
ဘင်ဖီကာ - အင်တာမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၁:၃၀ နာရီ)
အင်တာမီလန်အသင်းက ပေါ်တူဂီထိပ်တန်းအသင်း တစ်သင်းဖြစ်တဲ့ ပေါ်တိုကို ကျော်ဖြတ်ခဲ့ပြီးတော့ အခုဒီပွဲမှာလည်း နောက်ထပ် ပေါ်တူဂီ ထိပ်တန်းအသင်းတစ်သင်းကို ကျော်ဖြတ်ရဦးမယ်။ ဒါပေမဲ့ ဘင်ဖီကာက ဒီရာသီမှာ ပေါ်တိုထက် အများကြီး ပိုကောင်းပါတယ်။ အုပ်စုအဆင့်မှာ ဂျူဗင်တပ်စ်ကို ဖြတ်ကျော်ခဲ့ဖူးတယ်။ ရှုံးထွက်မှာလည်း အကောင်းဆုံးပုံစံကို ပြသခဲ့တယ်။ ဘင်ဖီကာအသင်းရဲ့ကွင်းမှာ အင်တာမီလန်ရုန်းကန်ရလိမ့်မယ်။ ဘင်ဖီကာကို ကြိုက်တယ်။
■ ချန်ပီယံလိဂ်နောက်ဆုံး (၄)ပွဲဆက်အနိုင်ရခဲ့သည့် ဘင်ဖီကာအသင်းသည် ယင်း(၄)ပွဲတွင် (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
■ အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၃) ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားသည်။















