■ လိဒ်စ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ရး၃၀)
လိဒ်စ်ယူနိုက်တက်က နောက်ဆုံး (၄)ပွဲမှာ (၇)မှတ်တောင် ယူခဲ့လို့ တန်းမဆင်းရဖို့ တော်တော်လေး အားကောင်းလာတယ်။ ခရစ္စတယ်ပဲလေ့စ်ကလည်း တန်းဆင်းဇုန်ရဲ့အထက်မှာ တော်တော်လေး အမှတ်ဖြတ်ထားတယ်။ အိမ်ကွင်းမှာ လိဒ်စ်ပိုရုန်းကန်လိမ့်မယ်။ နို်င်ပွဲရသွားမယ်။
■ လီဗာပူးလ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၁ဝးဝ၀)
အာဆင်နယ်အတွက် ဒီပွဲက သေရေးရှင်ရေးလောက်ကို အရေးပါနေတယ်။ လီဗာပူးလ်ကတော့ နိုင်ပွဲယူဖို့ လိုပေမယ့် ရှုံးသွားလည်း မထူးတော့ဘူးဆိုတဲ့ ပုံစံ ဖြစ်နေပြီ။ ပုံမှန်အားဖြင့်တော့ လီဗာပူးလ်က အာဆင်နယ်ကို ကွင်းမရွေး ဒုက္ခပေးလေ့ရှိတဲ့အသင်းဖြစ်ပြီး အမြဲတမ်းလည်း အသာစီးယူခဲ့တယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ အာဆင်နယ်က သိသိသာသာ ပိုကောင်းပါတယ်။ ချယ်လ်ဆီးနဲ့ ပွဲတုန်းက လီဗာပူးလ်က ကံကောင်းလို့ သရေကျခဲ့တာလို့ ပြောနိုင်ပြီး ပွဲကို ချယ်လ်ဆီးက စိုးမိုးထားနိုင်ခဲ့တယ်။ အပိုင်အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ မန်စီးတီးနဲ့ ပွဲမှာလည်း လီဗာပူးလ် ဘယ်လိုမှ ယှဉ်မကစားနိုင်ပဲ ဂိုးတွေအများကြီး ပေးခဲ့ရတယ်။ ဒါပေမဲ့ နှစ်ပွဲစလုံးက အဝေးကွင်းတွေဖြစ်နေပြီး အိမ်ကွင်းမှာတော့ ခြားနားတဲ့ပုံစံကိုတွေ့ရတယ်။ သရေကျဖို့များတယ်။















