ဆော်ဒီကလပ်အသင်းတစ်သင်းနှင့် ကော်တင်ဟို၏အေးဂျင့် ဆွေးနွေးနေ

ဆော်ဒီကလပ်အသင်းတစ်သင်းနှင့် ကော်တင်ဟို၏အေးဂျင့် ဆွေးနွေးနေ
Photo: Getty Images
Photo: Getty Images
Published 5 April 2023

 

ဘရာဇီးလ်တိုက်စစ်ကစားသမား ကော်တင်ဟို၏ အေးဂျင့်ဖြစ်သူ ဂျော်ရတ်ချီယန်သည် ဆော်ဒီကလပ်အသင်း တစ်သင်းနှင့် ကော်တင်ဟို၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေကြောင်း သိရသည်။ 

ကော်တင်ဟို(၃၀ နှစ်)သည် လက်ရှိအချိန်၌ အက်စတွန်ဗီလာအသင်းတွင် ကစားနေသော်လည်း အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေသည့်အတွက် ဆော်ဒီကလပ်အသင်းက ၎င်းကို ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ကော်တင်ဟိုသည် ၂၀၂၂ နွေရာသီတွင် ဘာစီလိုနာအသင်းမှ အက်စတွန်ဗီလာအသင်းသို့ (၄)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်သော်လည်း အသင်း၏ ဦး ဆောင်ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခြင်းမရှိသောကြောင့် အက်စတွန်ဗီလာအသင်းကလည်း ၎င်းကို ပြန်လည်ရောင်းထုတ်ရန် အလိုရှိနေသည်။ 

အမည်မဖော်ပြသည့် အဆိုပါဆော်ဒီကလပ်အသင်းသည် ကော်တင်ဟိုကို လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမည်ဟု သိရသည်။

Most Read

Most Recent