အစ္စရေး၏ပိတ်ဆို့မှုနှင့် ဂါဇာတံငါသည်များ၏ အကျပ်အတည်း

အစ္စရေး၏ပိတ်ဆို့မှုနှင့် ဂါဇာတံငါသည်များ၏ အကျပ်အတည်း
Published 23 March 2023
​​​​​​​မေသုတ

ဂါဇာဒေသမှ တံငါသည်တစ်ဦးဖြစ်သူ ဂျီဟက်အယ်ဟစ်စီသည် လှိုင်းဒဏ်၊ လေဒဏ်များနှင့် အသားကျနေပြီဖြစ်သော်လည်း လက်ရှိတွင်သူသည် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သူသည် ဂါဇာဒေသ၏ ငါးဖမ်းခွင့်ပြုထားသည့် နယ်နိမိတ်ကို ကျော်ဖြတ်ခဲ့ပြီးနောက် အစ္စရေးတရားရုံးတစ်ရုံး က သူ့ငါးဖမ်းသင်္ဘောကို သိမ်းယူဖွယ်ရှိနေ သည်။

ယင်းပြဿနာသည် လူဦးရေ ၂ ဒသမ ၃ သန်းနေထိုင်သည့် အစ္စရေး၏ ပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာဒေသအတွက် သေရေး ရှင်ရေးတမျှအရေးကြီးသည့် ပြဿနာတစ် ရပ်ဖြစ်သည်။ ဂါဇာဒေသအတွက် မြေထဲပင် လယ်အတွင်း ငါးဖမ်းခြင်းသည် အနည်း ငယ်သော စီးပွားရေးအသက်သွေးကြောများ ထဲမှ တစ်ခုဖြစ်သည်။

တစ်ခုသောနံနက်ခင်းတွင် ဂါဇာဒေသ၏ သင်္ဘောကျင်းတစ်ခု၌ တံငါသည်များသည် ၎င်းတို့ ညလုံးပေါက်ဖမ်းဆီးခဲ့သည့် ငါးများ နှင့် ပုဇွန်များကို ရောင်းချနေချိန်တွင် အသက် ၅၅ နှစ်အရွယ် ဟစ်စီသည် သူ့ဘဝဇာတ် ကြောင်းကို ပြောပြခဲ့သည်။

လက်ရှိအချိန်အထိ သူ့တွင် ငါးဖမ်းသင်္ဘောတစ်စီးရှိနေသော်လည်း ဟိုင်ဖာမြို့တ ရားရုံးတွင် အစ္စရေးအာဏာပိုင်များက သူ့ငါး ဖမ်းသင်္ဘောကို သိမ်းဆည်းရန် သင့် မသင့်ဆွေးနွေးမှု မပြီးပြတ်မီအချိန်အထိ သူ့ကံ ကြမ္မာသည် သေချာရေရာမှု မရှိသေးပေ။

အီဂျစ်နိုင်ငံအနီး ဂါဇာတောင်ပိုင်းရေ ပြင်များတွင် ပုဇွန်များကိုဖမ်းဆီးခဲ့သည့် ယင်း သင်္ဘောကို ံေြြ ျွေြဘေ ဟု အမည်ပေးထား သော်လည်း သင်္ဘောပိုင်ရှင်များက အဝါ ရောင်သင်္ဘောကိုယ်ထည်တွင် ရေးထားသည့် ယင်းစာလုံးများကို ဖျက်ခဲ့သည်။

“အစ္စရေးတွေက ကျွန်တော်တို့ကိုတွေ့ သွားပြီး ကျွန်တော့်သင်္ဘောကို သိမ်းယူသွား တာမျိုး မဖြစ်စေချင်ပါဘူး”ဟု လွန်ခဲ့သည့် တစ်နှစ်ကျော်က အစ္စရေးရေတပ်မှ ကင်း လှည့်သင်္ဘောများနှင့် ထိပ်တိုက်တွေ့ခဲ့ဖူး သည့် ဟစ်စီက ပြောကြားခဲ့သည်။

အစ္စရေးအာဏာပိုင်များကမူ ဂါဇာဒေ သအတွင်းရှိ ဟားမာ့စ်အဖွဲ့၏ ဒုံးကျည်တိုက် ခိုက်မှုများကို ကာကွယ်ရန်နှင့် ယင်းအဖွဲ့ထံ လက်နက်များ မှောင်ခိုတင်သွင်းမှုကို ဟန့် တားရန် ယင်းဒေသကိုကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းများအားလုံးကို ပိတ်ဆို့ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းတို့ကမူ ယင်းပိတ်ဆို့မှု များသည် ဂါဇာ၏ စီးပွားရေးကို ချွတ်ခြုံကျ စေပြီး ဒေသခံများကို ပိုမိုဆင်းရဲမွဲတေစေ သည်ဟု ပြောကြားခဲ့ပြီး ငါးဖမ်းခွင့်ကို တား မြစ်ကန့်သတ်မှုများသည် စားဝတ်နေရေးအ တွက် ခက်ခဲစေသည်ဟု စောဒကတက်ခဲ့ သည်။

ဖေဖော်ဝါရီ ၁၄ ရက်က အစ္စရေးကင်း လှည့်သင်္ဘောများနှင့် ထိတ်တိုက်တွေ့ခဲ့သည့် ဖြစ်စဉ်တွင် ဂါဇာ၌ ဟားမာ့စ်တို့ အာဏာရ ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် အစ္စရေးက ကြေ ညာခဲ့သည့် ပင်လယ်ရေကြောင်းဇုန်ကို ဟစ်စီ ၏ သင်္ဘောက ကျော်ဖြတ်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန်က ၎င်း၏အစ်ကိုဖြစ်သူ နီဟက်လည်း သင်္ဘောပေါ်တွင် လိုက်ပါလာခဲ့ သည်။ “သတ်မှတ်ဇုန်ကို ကျော်လွန်ပြီး မီတာ ၁၀၀ လောက်ကို ရောက်ရှိချိန်မှာ အစ္စရေးသင်္ဘောသုံးစင်းနဲ့ ကွန်မန်ဒိုတွေကို တွေ့ လိုက်တော့ ကျွန်တော်တို့ လန့်သွားပါတယ်။ သူတို့က ကျွန်တော်တို့သင်္ဘောကို တိုက် ခိုက်ပြီး ကျွန်တော်တို့ကို ကြိုးတုပ်ပြီး ဖမ်းဆီး ခဲ့ပါတယ်”ဟု နီဟက်က ပြောကြားခဲ့သည်။

ကြီးမားသော ခြိမ်းခြောက်မှု

၎င်းတို့သင်္ဘောသည် အစ္စရေးတပ်ဖွဲ့ များက ပစ်ခတ်သည့် ရာဘာကျည်များထိမှန်မှု၊ မီးသတ်ပိုက်ဖြင့် ထိုးမှုတို့ကြောင့် ထိခိုက်ပျက်စီးခဲ့သည်။  တရားရုံးကို တင်သွင်းသည့်

အချက်အလက်များတွင် ဟစ်စီသည် ဂါဇာဒေ သအတွက် သတ်မှတ်ထားသည့် ပင်လယ်ရေ ကြောင်းဇုန်တွင် အစ္စရေးစစ်တပ်က ချမှတ် ထားသည့် လုံခြုံရေးဆိုင်ရာ တားမြစ်ကန့် သတ်ချက်များကို ထပ်တလဲလဲ ချိုးဖောက်ခဲ့ သည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။

အစ္စရေးရှိ အစိုးရမဟုတ်သော အဖွဲ့အ စည်းဖြစ်သည့် Gisha အဖွဲ့မူ ဟစ်စီ၏ဘက် မှ ခုခံကာကွယ်ပေးခဲ့ပြီး ပြီးခဲ့သည့်နှစ် စက် တင်ဘာလတွင် ၎င်းင်း၏သင်္ဘောကို ပြန်လည် ရရှိစေရန် ကူညီပေးခဲ့သော်လည်း လက်ရှိတွင် အစ္စရေးအာဏာပိုင်များက ယင်းသင်္ဘောကို ထာဝရသိမ်းဆည်းရန် တရားရုံးကို တောင်း ဆိုထားသည်။

လက်ရှိတွင် အစ္စရေးအာဏာပိုင်များက သတ်မှတ်ပေးထားသည့် ငါးဖမ်းဇုန်သည် ဂါ ဇာကမ်းရိုးတန်းမှ ရေမိုင် ခြောက်မိုင်နှင့် ၁၅ မိုင် အကွာအဝေးကြားတွင်ရှိသည့် ရေပြင် နယ်နိမိတ်တွင် ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များက နော်ဝေနိုင်ငံ အော်စလိုမြို့တော်တွင် အစ္စရေး-ပါလက်စ တိုင်း သဘောတူညီမှုများအရ ရေမိုင် ၂၀ အထိ အများဆုံးသတ်မှတ်ထားသဖြင့်  ယခု သတ်မှတ်ချက်သည် သဘောတူညီချက်တွင် သတ်မှတ်ထားသည့် ရေမိုင်အကွာအဝေး ထက် လျော့နည်းနေသည်ဟု ဟစ်စီက ပြော ကြားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ယင်း သတ်မှတ်ဇုန်ကိုကျော်လွန်ပြီး ငါးဖမ်းမည်ဆို သည့်တိုင် ပုဇွန် ၂ ဒသမ ၂ ပေါင်အတွက် ၂၁ ဒေါ်လာသာ ရရှိမည်ဖြစ်ပြီး ဝင်ငွေနှင့် ကုန်ကျစရိတ်မကာမိတော့ကြောင်း ဟစ်စီက ပြောကြားခဲ့သည်။

လက်ရှိတွင် ဟစ်စီ၏ အမှုကို ဂါဇာဒေ သရှိ ထောင်နှင့်ချီသည့် တံငါသည်များက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

“ဟစ်စီရဲ့ သင်္ဘောသာ ထာဝရအသိမ်း ခံလိုက်ရမယ်ဆိုရင် ဒါဟာ ဂါဇာဒေသက ထောင်နဲ့ချီတဲ့ တံငါသည်တွေအတွက် ကြီး မားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့် မယ်။ ဘာလို့လဲဆိုတော့ အစ္စရေးဟာ ဂါဇာ ဒေသရဲ့ ငါးဖမ်းမှုကို အဆုံးသတ်ဖို့ ရည်ရွယ် ထားလို့ပါပဲ”ဟု ဂါဇာဒေသရှိ တံငါသည် ၄၀၀၀ ကို ကိုယ်စားပြုသည့် သမဂ္ဂ၏ ဥက္ကဋ္ဌနီဇာ အိုင်းယက်ရှ်က ပြောကြားခဲ့သည်။

ငါးရမှ ဝမ်းဝမည်

အစ္စရေးသည် မှောင်ခိုကူးမှု သို့မဟုတ် ခွင့်ပြုထားသည့် ငါးဖမ်းဇုန်ကို ကျော်ဖြတ်မှု အစရှိသည့် သံသယများဖြင့် ငါးဖမ်းသင်္ဘော များကို ယာယီဖမ်းဆီးထိန်းသိမ်းမှုများ မြင့် တက်နေချိန်တွင် ဟစ်စီ၏ တရားရေးတိုက်ပွဲ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က သင်္ဘော ၂၃ စင်းအထိ သိမ်းယူခံခဲ့ရပြီး ယင်းသည် ၂၀၁၈ ခုနှစ် နောက်ပိုင်း အများဆုံးအရေအတွက်ဖြစ် သည်ဟု ပါလက်စတိုင်း အစိုးရမဟုတ်သည့် အဖွဲ့ Al Mezan က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဂါဇာတံငါသည်များ ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ထိပ်တိုက်တွေ့ မှုဖြစ်စဉ် ၄၇၄ ခုအထိရှိခဲ့ပြီး ယင်းသည် ငါး နှစ်အတွင်း အများဆုံးဖြစ်သည်ဟု ယင်းအ ဖွဲ့က ဆိုသည်။

ဟစ်စီ၏ အမှုသည် လက်ခံနိုင်ဖွယ်မရှိ ဘဲ ဂါဇာတံငါသည်များကို ပစ်မှတ်ထားမှုများ မြင့်တက်နေသည့်အချိန်တွင် ပေါ်ပေါက် လာခြင်းဖြစ်သည်ဟု Gisha အဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ မူနာ ဟာဒက်က ပြောကြားခဲ့ သည်။

အစ္စရေးသည် ရန်သူသင်္ဘောများကို သိမ်းဆည်းမှုနှင့်စပ်လျဉ်းပြီး လက်နက်ကိုင် ပဋိပက္ခအပေါ် နိုင်ငံတကာဥပဒေ၏ ဖော်ပြ ချက်များကို အလွဲသုံးပြီး အရပ်ဘက်သင်္ဘော များအပေါ် ရန်သူသင်္ဘောများကဲ့သို့ ကျင့်သုံး နေသည်ဟု ဟာဒက်က စွပ်စွဲခဲ့သည်။

အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ ခဲ့ရသည့် တရားရုံးမှတ်တမ်းများတွင် ဟစ်စီ သည် တရားရေးအရ အကာအကွယ်ပေးမှု များကိုအလွဲသုံးခဲ့ကြောင်းနှင့်  ၎င်း၏သင်္ဘော သားများသည် အစ္စရေးတပ်ဖွဲ့များ၏ စီးနင်း မှုအတွင်း အစ္စရေးစစ်သားများ၏လုံခြုံရေး ကို ခြိမ်းခြောက်ခဲ့ကြောင်း အစ္စရေးက ထွက် ဆိုခဲ့သည်။

အစ္စရေးစစ်တပ်၏အရာရှိများကမူ ၎င်းတို့သည် ဂါဇာ၏ စီးပွားရေးကို ထောက်ပံ့ပေး လိုသည့်ဆန္ဒရှိသော်လည်း အစ္စရေး၏ လုံခြုံ ရေးကို အထိအခိုက်မခံနိုင်ကြောင်း အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အသက်ရှင်ဖို့ ငါးဖမ်း နေတာပါ”ဟု ဟစ်စီက ပြောကြားခဲ့သည်။ ၎င်း၏မိသားစုသည် တစ်ချိန်က ဂျက်ဖာမြို့ (ယခု တဲလ်အဗစ်မြို့၏ အစိတ်အပိုင်း) တွင် နေထိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ် စစ်ပွဲကာလအတွင်း အစ္စရေးမှ ဂါဇာဒေသအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

“ဝင်ငွေတွေနည်းလာရင်တောင်မှ ကျွန် တော်တို့ဟာ ဆက်ပြီး ငါးဖမ်းဦးမှာပါ။ ကျွန် တော့်ဘဝတစ်လျှောက်လုံး ငါးဖမ်းတာက လွဲရင် ကျန်တာ ဘာလုပ်ရမလဲဆိုတာ မသိ ပါဘူး”ဟု ဟစ်စီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent