တာလီဘန်အုပ်ချုပ်မှုအောက်မှ ကျား၊မ ခွဲခြားမှုစနစ်

တာလီဘန်အုပ်ချုပ်မှုအောက်မှ ကျား၊မ ခွဲခြားမှုစနစ်
Published 19 March 2023
Written by : ခက်ဝေ

လွန်လွန်ကျွံကျွံ နှိပ်စက်တတ်သည့် ခင် ပွန်းလက်မှ ရုန်းထွက်ပြီး သားသမီးရှစ်ဦးနှင့် ဇာတ်မြှုပ်နေရန် မာဝါက စိတ်ကူးထားခဲ့ သော်လည်း တာလီဘန်အာဏာပိုင်များ၏ ကြားဝင်စွက်ဖက်မှုကြောင့် ကွာရှင်းပြီးသား ခင်ပွန်းနှင့်  မသာယာသည့်အိမ်ထောင်ရေးကို ပြန်ရှေ့ဆက်နေရသည်။

(တာလီဘန်တို့အာဏာပြန်မရမီ)  အ မေရိကန်ကျောထောက်နောက်ခံပြု ယခင် အာဖဂန်အစိုးရလက်ထက်တွင် ဥပဒေကြောင်း အရ ကွာရှင်းပြတ်စဲခွင့်ကို အမျိုးသမီးအနည်း စုရခဲ့ပြီး ထိုအထဲတွင် မာဝါလည်း ပါခဲ့သည်။   

သို့သော် ၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက် မာဝါ၏ခင်ပွန်း က ၎င်းင်းဆန္ဒမပါဘဲ ကွာရှင်းခဲ့ရသည်ဟု ဆို သဖြင့် တာလီဘန်အရာရှိများက မာဝါကို ခင်ပွန်းသည်နှင့် ပြန်ပေါင်းခိုင်းခဲ့သည်။

“အဲဒီနေ့က ကျွန်မနဲ့ ကျွန်မသမီးတွေ သိပ်ကိုငိုခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြောမိတယ်။ မကောင်းဆိုးရွားလက်ထဲကို ပြန်ရောက်ခဲ့ရပြီလို့” ဟု အသက် ၄၀ အရွယ်ရှိ မာဝါ (အမည်လွှဲ) က AFP သတင်းဌာနကို ပြောသည်။

တာလီဘန်အစိုးရက အစ္စလာမ်ထုံး တမ်းစည်းမျဉ်းများကို ကျင့်သုံးရာတွင် ပြင်း ထန်လွန်းလှပြီး မိန်းမသားများ၏ဘဝကို ချုပ် ကိုင်ခြယ်လှယ်မှုများ ပြုလုပ်လွန်းသဖြင့် ကျား၊မခွဲခြားဆက်ဆံမှုဟု ကုလသမဂ္ဂက ခေါ်ဆိုခဲ့သည်။

မာဝါအဖို့မူ ငရဲကျသည့်နေ့များ ပြန် ရောက်လာခဲ့ပြီး ရိုက်နှက်နှိပ်စက်သည့်ဒဏ် ရာများဖြင့် အိမ်ထဲ သော့ခတ်အပိတ်ခံခဲ့ရ သည်။ “သတိလစ်တဲ့နေ့တွေတောင် ရှိခဲ့တယ်။ သူက ကျွန်မဆံပင်ကို ဆောင့်ဆွဲလွန်းလို့လည်း တချို့နေရာတွေထိပ်ပြောင်ကုန်ပြီ။ ရိုက် လိုက်တာများ သွားတွေတောင် ကျိုးတယ်” ဟု မာဝါက ဆိုသည်။

ရှိသမျှအားကိုစုပြီး မာဝါသည် သမီး ခြောက်ဦးနှင့် သားနှစ်ဦးကို ခေါ်ကာ ဆွေမျိုး တစ်ဦး၏အိမ်သို့ ထွက်ပြေးခဲ့သည်။ “ကလေး တွေက ပြောတယ်၊ အမေရယ် အစာရေစာ ငတ်လည်း ရပါတယ်။အနည်းဆုံးတော့ နှိပ် စက်မခံရတော့ဘူးပေါ့တဲ့။ ကျွန်မတို့ကို ဒီမှာ ဘယ်သူမှ မသိကြဘူး။အိမ်နီးချင်းတွေတောင် မသိကြဘူး” ဟု မာဝါက ကြမ်းပြင်တွင် ထိုင် ကာ ပုတီးဆုပ်ထားလျက် ပြောသည်။ ခင်ပွန်း က ၎င်းင်းတို့ကို ရှာတွေ့သွားမည်ကို မာဝါ အ လွန်ကြောက်နေခဲ့သည်။         

အစ္စလာမ်ဘာသာတွင် ကွာရှင်းခြင်းကို ခွင့်ပြု

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီး ၁၀ ဦးအနက် ကိုးဦးသည် ၎င်းင်းတို့၏အိမ် ထောင်ဖက်များထံမှ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြုံတွေ့ နေရသည်ဟု နိုင်ငံအတွင်းရှိ ကုလသမဂ္ဂမစ် ရှင်အဖွဲ့ကပြောသည်။

သို့သော် ကွာရှင်းခြင်းကို မလုပ်အပ် သည့် အရာသဖွယ် သတ်မှတ်ထားကာ လင် ယောကျ်ားနှင့် ကွာရှင်းထားသည့် အမျိုးသ မီးများကို ခွင့်မလွှတ်သည့် ယဉ်ကျေးမှု ဖြစ် နေသည်။ ယခင်အစိုးရလက်ထက်ကမူ မြို့ ကြီးအချို့၌ ကွာရှင်းမှုနှုန်း မြင့်တက်ခဲ့သည်။

အနှိပ်စက်ခံ ဇနီးအမျိုးသမီးများအ တွက်  ကွာရှင်းမှု ၁၀၀ နီးပါး အောင်အောင် မြင်မြင် လိုက်ပါဆောင်ရွက်ပေးနိုင်ခဲ့သည့် နာဇီဖာဆိုသူ အမျိုးသမီးရှေ့နေက အမျိုးသ မီးများသည် ၎င်းင်းတို့ခံစားရသည့်ဒုက္ခများအ တွက် ကံကြမ္မာကိုသာ အပြစ်တင်ကြသည် ဟုဆိုသည်။ သို့သော် မျက်စိပွင့်နားပွင့် ဖြစ် လာသည်နှင့်အမျှ အမျိုးသမီးများက ၎င်းင်းတို့ ခင်ပွန်းနှင့် ကွာရှင်းရန်ကိစ္စ ဖြစ်နိုင်သည်ကို သိလာကြသည်။ ခင်ပွန်းနှင့်ဇနီး ဆက်ဆံရေး တွင် သဟဇာတမဖြစ်တော့လျှင် အစ္စလာမ် ဘာသာက ကွာရှင်းခွင့်ပြုသည်ဟု နာဇီဖာက ပြောသည်။

တာလီဘန်လက်ထက် အပြောင်းအလဲ

ယခင်အစိုးရလက်ထက်တွင် ကွာရှင်းမှုများ ကို ကိုင်တွယ်ရန် အမျိုးသမီးတရားသူကြီးများ၊ အမျိုးသမီးရှေ့နေများဖြင့် မိသားစုရေးရာ အထူးတရားရုံးများ ရှိခဲ့သော်လည်း တာလီ ဘန်အစိုးရလက်ထက်တွင် တရားရေးစနစ်ကို အမျိုးသားသီးသန့်ဖြင့် ဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် နာဇီဖာကိုယ်တိုင်လည်း ရှေ့နေ အလုပ် ပျောက်ခဲ့ရသည်။ ၎င်း၏အမှုသည် အချို့တွင် မာဝါနှင့်အခြေအနေတူသည့် အ မျိုးသမီးများလည်း ပါခဲ့သည်။

တာလီဘန်အစိုးရလက်ထက်တွင် ခင် ပွန်းသည်က ဆေးသမား၊ သို့မဟုတ် တိုင်း ပြည်တွင် မရှိတော့သည့် အခါမျိုးမှသာ ကွာ ရှင်းခွင့်ပြုသည်။ အိမ်တွင်းအကြမ်းဖက်မှု ကြောင့် သို့မဟုတ် ခင်ပွန်းက ကွာရှင်းရန် သဘောမတူသည့်အခါမျိုးတွင်မူ တရားရုံးက ကွာရှင်းခွင့်မပြုပေ။

တစ်ချိန်က အမျိုးသမီးများကို အကူအ ညီပေးခဲ့သည့် ဂေဟာများ၊ အဖွဲ့အစည်းများ လည်း ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး အ မျိုးသမီးရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အ ရေးကော်မရှင်တို့ ဖျက်သိမ်းခံလိုက်ရသည်။

အိမ်တံခါး လာခေါက်တိုင်း ကြောက်ခဲ့ရ

အသက် ၁၀ နှစ်ပိုကြီးသည့် ဆွေနီးမျိုး စပ်တစ်ဦးနှင့် လက်ထပ်လိုက်ရချိန် ဆာနာအ သက်မှာ ၁၅ နှစ်သာ ရှိသေးသည်။

“ကလေးငိုရင်ဖြစ်ဖြစ်၊ တစ်ခုခု စားလို့ မကြိုက်ရင်ဖြစ်ဖြစ် သူ ကျွန်မကို ရိုက်တယ်။ သူ ပြောနေကျက မိန်းမတစ်ဦးက စကားပြော ခွင့်တောင် မရှိဘူးတဲ့” ဟု အိမ်တစ်အိမ်တွင် ခြေရာဖျောက်နေသည့် ဆာနာက ပြောသည်။

အခမဲ့ဆောင်ရွက်ပေးသည့် ဥပဒေ ပရောဂျက်တစ်ခုကြောင့် ဆာနာသည် ခင် ပွန်းနှင့် ကွာရှင်းခွင့်ရခဲ့သည်။ သို့သော် တာ လီဘန်အရာရှိများ တံခါးလာခေါက်လိုက် ချိန်မှ စပြီး ၎င်းင်း၏ စိတ်သက်သာရာရခွင့်မှာ ပျက်စီးသွားခဲ့တော့သည်။

သမီးလေးဦးကို အုပ်ထိန်းခွင့်ဆုံးရှုံးရမည်ဆိုသည့် ခြိမ်းခြောက်မှုကြောင့် ဆာနာ သည် မိန်းမနောက်တစ်ဦး ယူထားသည့် ခင်ပွန်းဟောင်းနှင့် ပြန်ပေါင်းလိုက်ရသည်။

ခင်ပွန်းက သမီးများကို တာလီဘန်အဖွဲ့ ဝင်များနှင့် လက်ဆက်ပေးမည်ဆိုခြင်းကြောင့် ဆာနာတို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ သမီး များက “အမေရယ် ကျွန်မတို့ သတ်သေမှာ နော်” ဟု ဆာနာကိုပြောခဲ့သည်။ ဆာနာသည် စုထားသမျှ ပိုက်ဆံကလေးနှင့် သမီးများကို ခေါ်ကာ ထွက်ပြေးခဲ့သည်။ ဆွေမျိုးတစ်ဦး၏ အကူအညီဖြင့် ၎င်းင်းတို့ နေစရာအိမ် ရခဲ့သည်။

 “တံခါးလာခေါက်တိုင်း ကျွန်မ ကြောက် နေခဲ့ရတယ်။ သူ ရောက်လာပြီး ကလေးတွေ လာခေါ်သွားမှာကိုပေါ့”ဟု ဆာနာက ပြော သည်။

တာလီဘန်အရာရှိတစ်ဦးကမူ ကွာရှင်း ပြီးသား မိန်းမများ ခင်ပွန်းသည်များနှင့် အ တင်းအကျပ်ပြန်ပေါင်းနေရသည်ဆိုသည့် ဖြစ်စဉ်များကို အာဏာပိုင်များက စစ်ဆေး ပါလိမ့်မည်ဟု AFP ကို ပြောသည်။

ယခင်အစိုးရလက်ထက်က ကွာရှင်း ထားမှုများကို တာလီဘန်အစိုးရက အသိအ မှတ်ပြု၊ မပြု မေးမြန်းသည့်အခါ ၎င်းအရာရှိက “ဒါက အရေးလည်းကြီးသလို ရှုပ်လည်း ရှုပ် ထွေးတဲ့ကိစ္စ”ဟု ပြောသည်။

ပျက်စီးသွားသည့်ပန်းတိုင်များ

တာလီဘန်တို့ အာဏာပြန်ရလာပြီးက တည်းက အာဖဂန်နိုင်ငံတစ်ဝန်း အစ္စလာမ် ဘာသာရေးကျောင်းများ တိုးပွားလာသည်။ အလယ်တန်းကျောင်းများ တက်ရောက်ခွင့် မရတော့သည့်အဆုံး ဆယ်ကျော်သက် မိန်း ကလေးများက ယင်းကျောင်းများသို့သာ လာ တက်ကြရတော့သည်။

“ပညာသင်ကြားခွင့်မရလို့  ကျွန်မတို့ တတွေ စိတ်ဓာတ်ကျမိပါတယ်။ အနည်းဆုံး တော့ ဒီကျောင်းကို လာတက်သင့်တယ်ဆိုပြီး မိသားစုက ပို့တယ်။ ကျွန်မတို့အတွက် ဖွင့်တဲ့ တစ်ခုတည်းသောနေရာဆိုလို့  ဒီဘာသာရေး ကျောင်းတွေပဲ ရှိတယ်” ဟု အသက် ၁၆ နှစ်အ ရွယ်ရှိ ဖာရာဆိုသည့် ကျောင်းသူက ပြော သည်။

သချင်္ာနှင့် ရသစာပေများအစား ယင်း ကျောင်းများ တက်သည့် မိန်းကလေးများက အာရပ်ဘာသာဖြင့် ကိုရန်ကျမ်းကို အလွတ် ကျက်နည်းဖြင့် သင်ယူကြရသည်။ မနှစ်က စတင်ပြီး ဘာသာရေးကျောင်း တက်သည့် မိန်းကလေးအရေအတွက်မှာ နှစ်ဆ မြင့်တက် လာသည်။

ရှေ့နေလုပ်ရန် ရည်ရွယ်ထားသည့် ဖာ ရာကဲ့သို့သော မိန်းကလေးများအတွက် အ လယ်တန်းကျောင်းလည်း တက်ခွင့်မရှိ၊ တက္က သိုလ်တက်ခွင့်လည်း မရှိတော့သည့်အတွက် ရည်မှန်းချက်ပန်းတိုင်များ ပျက်စီးသွားပြီ ဖြစ်သည်။

■ Ref: AFP ■ 

Most Read

Most Recent