■ နတ်ရေကန်ထဲက ထွက်လာသူ မားကပ်စ်ရပ်ရှ်ဖို့ဒ်     

■ နတ်ရေကန်ထဲက ထွက်လာသူ မားကပ်စ်ရပ်ရှ်ဖို့ဒ်     
Photos: Sky Sports & Getty Images
Photos: Sky Sports & Getty Images
Published 27 January 2023
အယ်လ်နီညို

ဒီရာသီတစ်လျှောက်လုံး မန်ချက်စတာ အခြေစိုက် ကစားသမားတွေအကြောင်း ပြောကြတဲ့အခါ သတင်းခေါင်းကြီးပိုင်းတွေကို လွှမ်းမိုးထားသူက အပြာရောင်မန်ချက်စတာရဲ့ နော်ဝေကြယ်ပွင့် ဟော်လန်း။ ဒါပေမဲ့ အခုတော့ နောက်တစ်ယောက်အကြောင်း ပြောဖို့ လိုလာပြီ။ သူကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် (၁၀) ပိုင်ရှင်၊ အင်္ဂလန်တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ပါ။ အာဆင်နယ်နဲ့ ရှုံးပွဲက ယူနိုက်တက်အတွက် ကျေနပ်စရာမဟုတ်ခဲ့ပေမဲ့ ရပ်ရှ်ဖို့ဒ်ကတော့ သူ့အလုပ်သူ လုပ်ခဲ့တယ်။ (၉)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး ဒီရာသီ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၁၈) ဂိုးထိ ရှိလာခဲ့ပြီ။ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးရာသီဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီက သွင်းဂိုး (၂၂) ဂိုးကို လိုက်မီဖို့ သိပ်မလိုတော့ဘူး။

 

Most Read

Most Recent