မလေးရှားရောက် မြန်မာများက ငွေပြန် လွှဲရာတွင် May Bank မှ ပါဝင်ဆောင်ရွက် ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေသည် May Bank , Yangon Branch မှ Sulaiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie ) ( Head , operation) တို့မှ တာဝန်ရှိသူများကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ် ခွဲ) ၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ် သည်။
ယင်းသို့ တွေ့ဆုံစဉ် May Bank အနေ ဖြင့် မြန်မာနိုင်ငံ၌ ဘဏ်ခွဲဖွင့်လှစ်ပြီးနောက် ဆောင်ရွက်နေမှု၊ ရုံးချုပ်၏ မူဝါဒများ ဆွေး နွေးတင်ပြခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ လမ်းညွှန်ချက်ကို လိုလားပါကြောင်း၊ မြန် မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ် များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက် ချက်များကို စိစစ်ကြပ်မတ်လျက်ရှိပြီး လက်ရှိ နိုင်ငံခြား ငွေစျေးကွက်တိုးတက်မှု၊ interbank market တွင် ဆောင်ရွက်နေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ၊ worker remittance အတွက် မလေးရှားရောက် မြန်မာများ က ပြန်လည်လွှဲပို့ရာတွင် may bank မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များ ဆွေးနွေးခဲ့ကြောင်း သိရသည်။















