■ သီတဂူဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက် ဆရာတော်၊ အောင်ဆန်းဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်နှင့် လိပ်ပြာကန်ကျောင်းတိုက် ဆရာတော်များမှ နှစ်သစ်ကူး ဩဝါဒတရားတော်များ မိန့်ကြား

Published 17 April 2026

■ သီတဂူဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက် ဆရာတော်၊ အောင်ဆန်းဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်နှင့် လိပ်ပြာကန်ကျောင်းတိုက် ဆရာတော်များမှ နှစ်သစ်ကူး ဩဝါဒတရားတော်များ မိန့်ကြား

သီတဂူဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက် ဆရာတော်၊ အောင်ဆန်းဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်နှင့် လိပ်ပြာကန်ကျောင်းတိုက် ဆရာတော်များမှ နှစ်သစ်ကူး ဩဝါဒတရားတော်များ ယနေ့နှစ်ဆန်းတစ်ရက်နေ့တွင် မိန့်ကြားကြောင်း သိရသည်။

ရွှေကျင်နိကာယသာသနာပိုင် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ နှစ်ဦးနှုတ်ခွန်းဆက် သံဝေဂကထာဖြင့်လည်းကောင်း၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ချီးမြှင့်တော်မူအပ်သော ချမ်းသာပွားကြောင်း နှစ်သစ်မင်္ဂလာဆုတောင်းလွှာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနာယကဆရာတော် သာ - သီ - ဓ၊ ဂဏဝါစက၊ ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘဒ္ဒန္တကောဝိဒဓဇ ချီးမြှင့်တော်မူအပ်သော နှစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်တရားတော်ဖြင့်လည်းကောင်း အသီးသီးမိန့်ကြားကြောင်း သိရသည်။

အလားတူ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ နှစ်သစ်ကူးဆုတောင်းလွှာဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့အတွက် နှစ်သစ်ကူး ဩဝါဒကထာဖြင့်လည်းကောင်း၊ လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ၏ ၂ဝ၂၆ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းလွှာဖြင့်လည်းကောင်း အသီးသီးမိန့်ကြားကြောင်း သိရသည်။

Most Read

Most Recent