ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ နှင့် ဟဲဟိုးမြို့ တို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဟဲဟိုး မြို့တွင် မေလ ၂၇ ရက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိကြောင်း သိရသည် ။
မေလ ၂၇ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ ဟဲဟိုး-ဘော်ဆိုင်းသွားလမ်း၊ အင်းနီလမ်းဆုံတွင် ဟဲဟိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သောပူးပေါင်းအ ဖွဲ့တို့သည် တရားမဝင် ကုန်စည်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးရမိနိုင်ရန်အတွက် ရှောင်တခင် စစ်ဆေးပိတ်ဆို့ဆောင်ရွက်နေစဉ် ပင်းတယ မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာသော မော် တော်ယာဉ်အမှတ် SHN-38 /6R ---- အမျိုးအ စား TOYOTA CROWN အဖြူရောင် မော်တော် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာ မော်တော်ယာဉ်နှင့် ပတ်သက်၍ မှတ်ပုံတင်ထားသည့် သက်သေခံ အထောက်အထား တစ်စုံတစ် ရာအား ပြသနိုင်ခြင်းမရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ လိုင်စင်မဲ့ မော်တော်ယာဉ် မောင်းနှင်သူ စိုးသူရထွန်းထံမှ မော်တော်ယာဉ်အား ရှာဖွေပုံစံဖြင့်သိမ်း ဆည်းခဲ့ပြီး ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ညောင်ရွှေတွင် မေလ ၂၆ ရက် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ညောင်ရွှေမြို့နယ်၊ ပေါင်းပိန်းစစ်ဆေးရေးဂိတ်၌ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ ယာဉ်များကို ရပ်တန့်ရှာဖွေစစ်ဆေးခြင်းများဆောင် ရွက်နေစဉ် ခေါင်တိုင်ကျေးရွာဘက်မှ ပင် လောင်းမြို့နယ်၊ နန်းဝိုးကျေးရွာနေ ထက်ဝေယံ (၃၅)နှစ် မောင်းနှင်လာသည့် SHN- 18 2M/xxxx Honda Fit ယာဉ်နှင့် ပင်းတယမြို့နယ်၊ ရှမ်းကျေး ရွာနေ ဇင်ကိုကို(၃၄)နှစ် မောင်းနှင်လာသည့် MDY -9 9P/xxxx Honda Fit Shuttle ယာဉ်တို့အား ရပ် တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ် များနှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များ ဖြစ် ကြောင်း စစ်ဆေးသိရှိရ သဖြင့် ထက်ဝေယံနှင့် ဇင်ကိုကိုတို့နှစ်ဦးအား ညောင်ရွှေမြို့မရဲစခန်း (ပ)၇၁-၇၂/ ၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။















