ဗန်းမော်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး အမှတ် (၂၃၇) မူလတန်းကျောင်းတွင် ကျရောက်ပေါက်ကွဲသဖြင့် စာသင်ကျောင်းခေါင်မိုးနှင့် ပြတင်းတံခါးများ ပျက်စီး

ဗန်းမော်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး အမှတ် (၂၃၇) မူလတန်းကျောင်းတွင် ကျရောက်ပေါက်ကွဲသဖြင့် စာသင်ကျောင်းခေါင်မိုးနှင့် ပြတင်းတံခါးများ ပျက်စီး
Published 7 November 2022

ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် နိုဝင်ဘာ ၅ ရက် ပစ်ခတ်ခံရပြီး အမှတ်(၂၃၇) မူလတန်းကျောင်းတွင် ကျရောက်ပေါက်ကွဲသဖြင့် စာသင်ကျောင်းခေါင်းမိုးနှင့် ပြတင်းတံခါးများ ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဗန်းမော်မြို့အတွင်းသို့ နိုဝင်ဘာလ ၅ ရက် ညနေပိုင်းတွင် KIA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဗန်းမော်မြို့၏ မြောက်ဘက်မီတာ ၂၃၀၀ အကွာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အမှတ် (၂၃၇) အခြေခံပညာမူလတန်းကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းခေါင်မိုးနှင့် ပြတင်းတံခါးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အဖွဲ့များ၏နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent