ဆလာနီတာနာ - စပီဇီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၇:၃၀ နာရီ)
လက်ရှိရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ မကွာခြားတဲ့ နှစ်သင်းထိပ်တိုက်တွေ့ဆုံတာ ဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ ခံစစ်ပိုင်းကလည်း တော်တော်လေး အားနည်းပါတယ်။ သရေကျဖို့များပြီး နှစ်သင်းပေါင်းသွင်းဂိုး များနိုင်တယ်။
အေစီမီလန် - မွန်ဇာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၁၀:၃၀ နာရီ)
အေစီမီလန်က နောက်ဆုံးပွဲမှာ ဗီရိုနာကို ခက်ခက်ခဲခဲအနိုင်ရခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင်တော့ အေစီမီလန်အသင်း အမှားနည်းပါတယ်။ မွန်ဇာကလည်း တော်တော်တိုးတက်လာတဲ့ အသင်းပါ။ အမ်ပိုလီကို ရှုံးခဲ့ပေမဲ့ ကစားပုံကတော့ အဆိုးရွားကြီးမဟုတ်ဘူး။ ဒါပေမဲ့ ဆန်စီရိုမှာ ကစားရမှာကြောင့် မွန်ဇာအသင်း ခက်ခဲလိမ့်မယ်။ အေစီမီလန်နိုင်ဖို့များပြီး ဂိုးပြတ်ဖို့တော့ ခက်မယ်။
ဖီအိုရင်တီးနား - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက် နံနက် ၁:၁၅ နာရီ)
ဖီအိုရင်တီးနားက ရလဒ်ပိုင်း တောက်လျှောက် ကျဆင်းနေတယ်။ ခြေစွမ်းပိုင်းကလည်း အတော်လေး လျော့ထိလျော့ရဲနိုင်ပြီး နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့တာကလည်း စိတ်ပျက်စရာပဲ။ အင်တာမီလန်က ဒီပွဲပြီးရင် ပယ်လ်ဇန်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို ပိုအာရုံစိုက်ဖို့များတယ်။ ဒါပေမဲ့ လက်ရှိ ဖီအိုရင်တီးနားပုံစံကြောင့် အင်တာမီလန်အတွက် အရမ်းခက်ခဲ ဖို့တော့ မရှိပါဘူး။ အင်တာမီလန် နိုင်ပွဲဆက်မယ်။















