■ ဟီယာရိုကို အားကစားဒါရိုက်တာအဖြစ် ချီးဗတ်စ်အသင်း ခန့်အပ်     

■ ဟီယာရိုကို အားကစားဒါရိုက်တာအဖြစ် ချီးဗတ်စ်အသင်း ခန့်အပ်     
Photo: Marca
Photo: Marca
Published 21 October 2022

မက္ကဆီကိုကလပ် ချီးဗတ်စ်အသင်းသည် ရီးယဲလ်အသင်းနှင့် စပိန်လက်ရွေးစင်နောက်ခံလူဟောင်း ဟီယာရိုကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ 

ဟီယာရို(၅၄ နှစ်)သည် စပိန်လက်ရွေးစင်နည်းပြအဖြစ် ခေတ္တဆောင်ရွက်ခဲ့ပြီးနောက် ဘောလုံးလောကနှင့် အခိုက်အတန့် ဝေးကွာနေခဲ့သူဖြစ်ပြီး ယခုအခါ ချီးဗတ်စ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ 

၎င်းအား အားကစားဒါရိုက်တာအဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းကို ချီးဗတ်စ်အသင်း၏ ပရိသတ်များက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent