စပါး တိုက်စစ်မှူး ရစ်ချာလီဆန် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေ

စပါး တိုက်စစ်မှူး ရစ်ချာလီဆန် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေ
Photo: AFP
Photo: AFP
Published 19 October 2022

 

အဲဗာတန်နှင့်ပွဲတွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့သည့် စပါး တိုက်စစ်မှူး ရစ်ချာလီဆန်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ 

ရစ်ချာလီဆန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဘရာဇီးလ်အသင်းနှင့်အတူ ပါဝင်ခွင့်ရရှိရန် မျှော်လင့်နေသူဖြစ်ပြီး ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးရဦးမည်ဖြစ်သော်လည်း ယနေ့ကစားရမည့် မန်ယူနှင့်ပွဲကိုမူ လွဲချော်မည် ဖြစ်သည်။ 

ထို့ပြင် အဲဗာတန်အသင်းတွင် အလားတူဒဏ်ရာမျိုး နောက်ဆုံးရရှိခဲ့စဉ်က (၂)လခန့် အနားယူခဲ့ရသည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရမည်ကို ရစ်ချာလီဆန်က စိုးရိမ်နေခြင်း ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလတွင် စတင်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent