အူဒီးနီးစ်တောင်ပံကစားသမား  ဒယ်လိုဖူနှင့် တွေ့ဆုံခြင်း

အူဒီးနီးစ်တောင်ပံကစားသမား  ဒယ်လိုဖူနှင့် တွေ့ဆုံခြင်း
Photos: Getty Images
Photos: Getty Images
Published 19 October 2022
Nay Lin Htet

အူဒီးနီးစ်အသင်းဟာ ဒီရာသီ စီးရီးအေတာထွက်မှာ ရလဒ်ကောင်းတွေ ရယူထားပြီး အမှတ်ပေး (၁၀)ပွဲ ကစားပြီးချိန်မှာ (၆)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုံး ရလဒ်တွေ ရယူထားပါတယ်။ အူဒီးနီးစ်က ဒယ်လိုဖူ၊ ဘီတို၊ ပါရေရာတို့ရဲ့ ခြေစွမ်းပြမှုနဲ့ စီးရီးအေ တိုက်စစ် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ်ပါ ရပ်တည်နေပါတယ်။ ဘာစီလိုနာကစားသမား ဟောင်း ဒယ်လိုဖူက အူဒီးနီးစ်တိုက်စစ်ကို အဓိက ဦးဆောင်နေပြီး ဂိုးဖန်တီးမှု (၆)ကြိမ်နဲ့ ဒီပြိုင်ပွဲမှာ ဖန်တီးမှု ဒုတိယအများဆုံး ပြုလုပ်ထားသူအဖြစ် ရှိနေပါတယ်။ အသက် (၂၈)နှစ်အရွယ် ဒယ်လိုဖူက ပြီးခဲ့တဲ့ရာသီကလည်း အူဒီးနီးစ်အတွက် သွင်းဂိုး (၁၃)ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့သူပါ။ အူဒီးနီးစ်ရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားတဲ့ ဒယ်လိုဖူရဲ့ စကားသံတွေကို စူးစမ်းကြည့်ရာမှာတော့..

 

Most Read

Most Recent