အီသီယိုပီးယားစစ်ပွဲအတွင်းမှ အီရစ်ထရီးယားတပ်များ၏ အခန်းကဏ္ဍ

အီသီယိုပီးယားစစ်ပွဲအတွင်းမှ အီရစ်ထရီးယားတပ်များ၏ အခန်းကဏ္ဍ
Published 16 October 2022
Ref : AFP/AP

သြဂုတ်လကုန်ပိုင်းတွင် တိုက် ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် တီဂရေးသူပုန်များကို တိုက်ခိုက်ရန်အီရစ်ထရီးယားစစ်တပ်သည် အီသီယိုပီးယားတပ်ဖွဲ့များထံ တစ်ဖန်ပြန်လည်ဝင်ရောက်မှုသည် ရက်စက်သောပဋိပက္ခဆီသို့ ဦးတည်ဝင်ရောက်စေမည့်အရေးအပေါ်စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။

အီရစ်ထရီးယားသမ္မတအိုင် ဆာအက်စ် အက်ဖ်ဝါကီ၏အာဏာ ရှင်အစိုးရသည် နှစ်နှစ်ကြာပဋိပက္ခအတွင်း အဓိကကျသောစစ်ရေးအခန်းကဏ္ဍတွင် ပါဝင်နေပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိရန် စိတ်ဝင်စားမှု နည်းပါးလျက်ရှိသည်။

အသစ်ပြန်လည်ဖြစ်ပွားနေသည့်တိုက်ပွဲသည် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ကတိုက်ကရိုက် ဆောင်ရွက်စေခဲ့ပြီး အာဖရိကသမ္မဂသည် အီသီယိုပီးယားအစိုးရနှင့် တီဂရေးဒေသဆိုင်ရာအာဏာပိုင်များအား စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းတွင် ဆွေးနွေးရန်ဖိတ်ကြားခဲ့သည်။

တောင်အာဖရိကတွင်ဆွေး နွေးမှုများကို အောက်တိုဘာ ၈ ရက်တွင် စတင်ရန် စီစဉ်ခဲ့သော်လည်း ကျင်းပရန်ပျက်ကွက်ခဲ့ပြီးယင်းကဲ့သို့ဖြစ်ပွားရသည့်အကြောင်းအရင်း တွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများသည် တစ်စိတ်တစ်ပိုင်း တွင်ပါဝင်သည်ဟု သံတမန်များက ပြစ်တင်ထားသည်။

ဝန်ကြီးချုပ် အဘီအာမက်က တီဂရေးရှိ TPLF အဖွဲ့သည်ဖက်ဒရယ်စစ်တပ်စခန်းများကိုတိုက်ခိုက်သည်ဟု စွပ်စွဲကာ တီဂရေးသို့စစ်သားများစေလွှတ်ခဲ့သည့် ၂၀၂ဝခု နှစ် နိုဝင်ဘာတွင်စတင်ဖြစ်ပွားခဲ့သော စစ်ပွဲအစောပိုင်းအဆင့်များတွင် အီရစ်ထရီးယားစစ်တပ်က အီသယိုပီးယားတပ်ဖွဲ့များကိုထောက်ပံ့ပေးခဲ့သည်။

အီရစ်ထရီးယားသည် ပဋိပက္ခအတွင်းအုပ်စုဖွဲ့ သတ်ဖြတ်မှုများနှင့် လူအုပ်စုလိုက် အဓမ္မပြုကျင့်မှုများ အပါအဝင်လူမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ငါးလကြာ အပစ်အခတ်ရပ်စဲပြီးနောက် တင်းမာသည့်တိုက်ခိုက်မှုများ သြဂုတ်လတွင် ပြန်လည်စတင်ခဲ့ပြီးနောက် အီရစ်ထရီးယားတပ်ဖွဲ့များသည် စစ်မြေပြင်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး အီရစ်ထရီးယား က ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို စည်းရုံးရန်တောင်းဆိုခဲ့သည်ဟု  အနောက်နိုင်ငံအများအပြားကဆိုသည်။

အီသီယိုပီးယားပဋိပက္ခတွင် အီရစ်ထရီးယားစစ်တပ်၏ နောက်တစ်ကြိမ်ပါဝင်မှုသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ငြိမ်းချမ်းရေးအတွက် တွန်းအားပေးရန် ဒေသတွင်းရှိ အာဖရိကဦးချိုဒေသဆိုင်ရာ အမေရိကန်သံတမန်မိုက် ဟမ်မာက ပြောကြားခဲ့သည်။

“အီရစ်ထရီးယားရဲ့ အီသီယိုပီးယားကို ပြန်လည်ဝင်ရောက်လာမှုဟာ သိသိသာသာဆိုးရွားလာခဲ့ပြီး ပဋိပက္ခကို လှုံ့ဆော်နေတဲ့အခြားသူတွေလိုမျိုး ပြုမူနေတဲ့အတွက်အီသီယိုပီးယားရဲ့ အချုပ်အခြာကို လေးစားတဲ့အနေနဲ့ တပ်ပြန်ဆုတ်ဖို့လို အပ်ပါတယ်”ဟုဟမ်းမားကပြောကြားခဲ့သည်။

အီရစ်ထရီးယားတပ်ဖွဲ့များသည် တီဂရေး-အီရစ်ထရီးယားနယ် စပ်တစ်လျှောက်အပါအဝင် မကြာသေးမီ သီတင်းပတ်များအတွင်းပြင်းထန်သော တိုက်ပွဲများဖြစ်ပွားမှုနှင့်အတူ အားကောင်းသော ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု တီဂရေးအာဏာပိုင်များက စွပ်စွဲခဲ့သည်။

အီရစ်ထရီးယားအနေဖြင့်၎င်း၏ စစ်တပ်တစ်ခုလုံးနှင့် အရံတပ်များကို တပ်ဖြန့်ခဲ့သည်ဟု TPLF ပြောရေးဆိုခွင့်ရှိသူ ဂီတာချူးရက်ဒါ က လွန်ခဲ့သည့်လတွင် ပြောကြားခဲ့သည်။

အီသီယိုပီးယားမြောက်ပိုင်းသို့  ဝင်ရောက်ခွင့်ကို ပြင်းထန်စွာကန့် သတ်ထားပြီး တီဂရေးသည်ဆက် သွယ်ရေးပြတ်တောက်နေသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သောကြောင့်   စစ်မြေပြင်ကိုအတည်ပြုနိုင်ရန် မ ဖြစ်နိုင်ပေ။

အီရစ်ထရီးယား၏လုပ်ရပ်များ သည် ၂၀၁၈ ခုနှစ်တွင်အဘီအာဏာမရယူမီ ၂၇ နှစ်ကြာ အီသီယိုပီးယား ၏အာဏာရညွန့်ပေါင်းအစိုးရကို လွှမ်းမိုးထားသော TPLF နှင့်ကြာရှည်စွာပြိုင်ဆိုင်မှုကြောင့် အီရစ်ထရီးယားက ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ယင်းအလားတူနှစ်၌ပင်အဘီ နှင့်အိုင်ဆာအက်စ် တို့သည် အိမ်နီးချင်းနိုင်ငံကြား နှစ် နှစ်ဆယ်ကြာဖြစ်ပွားသည့်စစ်ပွဲကို အဆုံးသတ်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အီသီယိုပီးယားခေါင်းဆောင်က နောက်တစ်နှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့သည်။

“ဒီလိုပြန်လည်သင့်မြတ်နေကြတာဟာ တီဂရေးခေါင်းဆောင်တွေကိုနောက်ပိုင်းမှာကြားဝင်စွက်ဖက်နိုင်ခြေရှိတဲ့ အီရစ်ထရီးယားနိုင်ငံနဲ့  မဟာမိတ်အဖွဲ့အားလုံးထက်သာလွန်စေခဲ့တယ်”ဟုပထဝီနိုင်ငံရေး သုတေသီနှင့် Strategies Africaines ဥက္ကဌ ပက်ထရစ်ဖာရက်စ်က ပြောကြားခဲ့သည်။

တီဂရေးဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မွေးကင်းစကလေးငယ်များ သေဆုံးမှုနှုန်းမှာ လေးဆခန့် ပိုမိုမြင့်တက်ခဲ့သည်ဟု လေ့လာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

တီဂရေးစစ်ပွဲကြောင့် ယင်းဒေသတွင်နေထိုင်သူများအနက် လူပေါင်း ၅ သန်းကျော်မှာ ဆေးဝါး ကုသမှုခံယူရန် ခက်ခဲခဲ့သည်။

အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း သေဆုံးမှု သို့မဟုတ် ကလေးမွေးဖွားပြီး ၄၂ ရက်အတွင်း သေဆုံးမှုနှုန်းများသည်လည်း စစ်ပွဲမဖြစ်ပွားမီအချိန်ကနှင့် နှိုင်းယှဉ်ပါက ငါးဆခန့် ပိုမိုမြင့်တက် လာခဲ့ပြီး အသက် ငါးနှစ်အောက် ကလေးငယ်များ၏ သေဆုံးမှုနှုန်းမှာလည်း စစ်ပွဲမဖြစ်ပွားမီအချိန်ကနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့် မြင့်တက်ခဲ့သည်ဟုလူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုရသေးသော်လည်း အေပီသတင်းဌာနနှင့် ယင်းအချက်အလက်များကို မျှဝေခဲ့သည့် လေ့လာမှုတွင် ပါဝင်သူများ၏ အဆိုအရ သိရသည်။   

Most Read

Most Recent