စက်တင်ဘာ ၇ ရက်က ကန်ဒါဟာပြည်နယ်ရှိ စာသင်ကျောင်းခန်းထဲတွင် အာဖဂန် ကျောင်းသူများကို တွေ့ရစဉ် (Photo: AFP)
အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် တာလီဘန်တို့က မိန်းကလေးများတက်ရောက်သည့် အလယ်တန်းကျောင်းများကို ပိတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ စက်တင်ဘာ ၁၀ ရက်တွင် ဒါဇင်နှင့်ချီသည့် မိန်းကလေးများက ဆန္ဒပြခဲ့ ကြသည်ဟု တက်ကြွ လှုပ်ရှားသူများနှင့် ဒေသ ခံများက ပြောကြားခဲ့သည်။
ပက်ရှာပြည်နယ်တွင် စာသင်ကျောင်း များကို ပြန်ဖွင့်ပေးရန် ရာနှင့်ချီသည့် မိန်းက လေးများနှင့် လူမျိုးစုခေါင်းဆောင်များက တောင်းဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်း ပတ်တွင် အလယ်တန်းကျောင်း ငါးကျောင်း ပြန်ဖွင့်ခဲ့သည်။
သို့သော်လည်း ပက်ရှာပြည်နယ်၏မြို့ တော် ဂါဒက်ဇ်တွင် စက်တင်ဘာ ၁၀ ရက် တွင် ကျောင်းသူများသည် ကျောင်းသို့ ရောက်ရှိချိန်တွင် ၎င်းတို့အား အိမ်ပြန်ရန် တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု အမျိုးသမီးအခွင့်အရေးတက်ကြွ လှုပ်ရှားသူ တစ်ဦးနှင့် ဒေသခံများက ပြောကြားခဲ့သည်။
“ဒီနေ့မနက်မှာ သူတို့ဟာ မိန်းကလေး တွေကို စာသင်ကျောင်းတွေထဲ ဝင်ခွင့်မပေး တော့တာကြောင့် ကျွန်မတို့ ဆန္ဒပြခဲ့တာဖြစ် ပါတယ်” ဟု ဆန္ဒပြပွဲကို စီစဉ်သည့် တက်ကြွ လှုပ်ရှားသူ ယက်စ်မင်က ပြောကြားခဲ့သည်။
ကျောင်းဝတ်စုံဖြစ်သည့် အဖြူရောင် ခေါင်းစည်းပဝါနှင့် အနက်ရောင် ဝတ်ရုံရှည် များကိုဝတ်ဆင်ထားကြသည့် မိန်းကလေး များသည် စာသင်ကျောင်းများပိတ်ခဲ့မှုကို ဆန္ဒပြရန် ဂန်ဒက်ဇ်မြို့တော်ခန်းမသို့ ချီတက် ဆန္ဒပြခဲ့ကြသည်။
အသစ်ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့် စာ သင်ကျောင်းများအနက် ဂါဒက်ဇ်မြို့တော် တွင် လေးကျောင်းဖြစ်ပြီး ဆမ်ကာနီမြို့တွင် တစ်ကျောင်းဖြစ်သည်။
တာလီဘန်တို့သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက အာဏာပြန်ရလာခဲ့ချိန်ကတည်းက အစ္စလမ်ဘာသာကို ၎င်းတို့၏စည်းကမ်းကြီးသည့် အမြင်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကာ မိန်းကလေးများနှင့် အမျိုးသမီးများအပေါ် တင်း ကျပ်သည့် တားမြစ်ကန့်သတ်ချက်များ ချမှတ် ခဲ့သည်။
မတ်ကက တာလီဘန်တို့သည် ၎င်းင်းတို့ အုပ်ချုပ်မှုအောက်တွင် ပထမဆုံးအကြိမ်အ ဖြစ် မိန်းကလေးများ၏ အလယ်တန်းကျောင်း အားလုံးကို ပြန်ဖွင့်ပေးခဲ့ပြီးနောက် နာရီပိုင်း အကြာမှာပင် ယင်းကျောင်းများကို ပြန်ပိတ်ခဲ့ သည်။
အောက်တိုဘာ ၁၀ ရက်က လူမှုကွန် ရက်များတွင် တင်ခဲ့သည့်ဓာတ်ပုံများတွင် မိန်းကလေးများသည် မြို့တော်ခန်းမသို့ချီ တက်နေစဉ် ဒေသခံများနှင့် စျေးဆိုင်ပိုင်ရှင် များက ကြည့်ရှုနေပုံများကို မြင်တွေ့ရသည်။
“တာလီဘန်တွေဟာ ဆန္ဒပြတဲ့ မှတ် တမ်းကို ဘယ်သူ့ကိုမှ ရိုက်ကူးခွင့်မပေးခဲ့ပါ ဘူး။ ဒါ့အပြင် သူတို့ဟာ ဆန္ဒပြသူတချို့ရဲ့ မိုဘိုင်းဖုန်းတွေကိုပါ ဖျက်ဆီးခဲ့ပါတယ်” ဟု ယက်စ်မင်က အေအက်ဖ်ပီ သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
ယင်းမြို့မှ ဒေသခံနှစ်ဦးကလည်း ဂျာ နယ်လစ်များကို သတင်းယူခွင့်ပိတ်ပင်ထား သည့် ယင်းဆန္ဒပြမှုသတင်းကို အတည်ပြုခဲ့ သည်။
“ကျောင်းသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမယ့် မကြာခင်အချိန် မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြမှုကို လူ စုခွဲခဲ့ပါတယ်” ဟု အမည်မဖော်လိုသည့် ဂါ ဒက်ဇ်မြို့ခံတစ်ဦးက အေအက်ဖ်ပီသတင်းဌာ နကို ပြောကြားခဲ့သည်။














