ဘရိုက်တန်နှင့်ပွဲတွင် အရန်အဖြစ်သာ စီရော်နယ်လ်ဒို ပါဝင်ကစားခွင့်ရဖွယ်ရှိ

ဘရိုက်တန်နှင့်ပွဲတွင် အရန်အဖြစ်သာ စီရော်နယ်လ်ဒို ပါဝင်ကစားခွင့်ရဖွယ်ရှိ
Photo: Man Utd Twitter
Photo: Man Utd Twitter
Published 4 August 2022

မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဘရိုက်တန်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အရန်ကစားသမားအဖြစ်သာ ပါဝင်ရဖွယ်ရှိနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

အသက် (၃၇)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းရှိနေသေးသော်လည်း ချန်ပီယံလိဂ်တွင် ပါဝင်ကစားလိုခြင်းကြောင့် ယခုနွေတွင် အသင်းမှထွက်ခွာရန် ကြိုးစားနေသူဖြစ်သည်။

စီရော်နယ်လ်ဒိုသည် မိသားစုကိစ္စကို အကြောင်းပြကာ မန်ယူအသင်း၏ အာရှခရီးစဉ်ကို လိုက်ပါခဲ့ခြင်းမရှိဘဲ ဇူလိုင်လကုန်ပိုင်းကမှ အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

၎င်းသည် မန်ယူအသင်းအတွက် ဗယ်လက်ကာနိုအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲ ပထမပိုင်းတစ်ပိုင်းသာ ပါဝင်ကစားခဲ့ပြီး ပွဲမပြီးဆုံးမီမှာပင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် ဘရိုက်တန်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွင် စီရော်နယ်လ်ဒိုအား အရန်အဖြစ်သာအသုံးပြုရန် ဆုံးဖြတ်ထားပြီး တိုက်စစ်တွင် ဆန်ချို၊ ရပ်ရှ်ဖို့ဒ်နှင့် မာစီယဲလ်တို့ကို အသုံးပြုဖွယ်ရှိကြောင်း The Sun က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် သြဂုတ် (၇) ရက်(တနင်္ဂနွေနေ့)တွင် ဘရိုက်တန်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent